စစ္စတာရ်မေရီ ဘဲနဒ်စိုဘရာစ် (သို့မဟုတ်) စစ္စတာရ် ဘက်နဒက် (Sr. Bernadette) သည် ၁၈၄၄ ခုနှစ် ဇန္နဝါရီလ-၇-ရက်နေ့တွင် လုဒယ်မြို့၌ မွေးဖွားခဲ့သည်။ ပြင်သစ်ပြည်၌ နာမည်ကျော်ကြားသော ရဟန္တာဖြစ်သည်။ ညီအစ်ကိုမောင်နှမ (၈)ယောက်အနက် အကြီးဆုံးသောသူဖြစ်သည်။ ဖခင်သည် ကြိတ်စက်အလုပ်သမားဖြစ်၍ မိသားစုအား နေ့စားလုပ်ငန်းဖြင့် ပြုစုကျွေးမွေးခဲ့သည်။
ဘက်နဒ်သည် ငယ်ရွယ်စဉ်ဘဝမှစ၍ ကျန်းမာရေးချို့တဲ့သော်လည်း အိမ်နီးနားချင်းများထံမှာ ကလေးထိန်းလုပ်ငန်းဖြင့် ဝင်ငွေရှာလုပ်ကိုင်ခဲ့သည်။ အသက်အရွယ်ကြီးလာသောအခါ သိုးများကျောင်းခဲ့သည်။ ၁၈၅၈-ခုနှစ် အသက်၁၄-နှစ်အရွယ်ရောက်သော် ဖခင်ထံ ပြန်လာသည်။ သူမသည် ကျောင်းမနေခဲ့ပါ။ ပထမကိုယ်တော်မြတ်လည်း ကျန်းမာရေးကောင်းသော်လည်း အခြေအနေမပေးသည့် အတွက်ကြောင့်လည်းကောင်း မရသေးပါ။
၁၈၅၈ ဖေဖော်ဝါရီလ (၁၁)ရက်၊ ကြာသပတေးနေ့မှာ ညီမမေရီ (Marie)၊ သူငယ်ချင်း ဂျင်း (Jeene)နှင့် ထင်းခွေရန် တောထဲထွက်သွားကြသည်။ မာဆာဘီလေးချောင်းဘေးနားရှိ ကျောက်ဂူသို့ ရောက်သောအခါ ရူပါရုံတစ်ခုမြင်သည်။ သူမမြင်သော ရူပါရုံသည် ပြောပြလို့မရလှအောင် လှပသော အမျိုးသမီးတစ်ဦးဖြစ်သည်။ ညီမမေရီနှင့် သူငယ်ချင်းဂျင်းတို့ထံမှာ ဝတ်ရုံဖြူဝတ်ဆင်၍ ၁၆၊ ၁၇ နှစ် အရွယ် လှပချောမောသော အမျိုးသမီးတစ်ဦးအား တွေ့မြင်ကြောင်း ပြောပြသည်။ သူမသည် ဝတ်ရုံဖြူဝတ်ဆင်လျှက် ပိုးခါးပန်းအပြာကို စည်းထားသည်။ ခေါင်းပေါ်မှာ ဇာသပိတ်အဖြူ ဆောင်းထား၍ နောက်ကျောဘက် တွဲလောင်းကျနေသည်။ ခြေထောက်များ ဘာမျှဝတ်ဆင်ခြင်း မရှိဘဲ နှင်းဆီပန်းများ ခြေတစ်ဖက်စီ ပန်ထားသည်။ ညာဘက်လက်မောင်းမှာ အဖြူရောင်စိပ်ပုတီး ကိုင်ထားသည်။ ၎င်းစိပ်ပုတီးသည် ရွှေကြိုးနှင့် လုပ်ထား၍ ခြေထောက်မှာ ပန်ထားသော နှင်းဆီပန်းကဲ့သို့ ဝင်းလက်နေသည်။
မယ်တော်သည် (၁၇)ရက်နေ့မှာ ထပ်ပြန်၍ ထင်ရှားပြသခဲ့သည်။ ဘက်နာဒက်နှင့် အပြန်အလှန် စကားပြောခဲ့သည်။ (၁၈)ရက်နေ့မှာ မယ်တော်က မှာကြားသည်မှာ သင့်အား ပျော်ရွှင်ချမ်းမြေ့မှုပေးမည်။ သို့သော် ယခုလောကမှာ မဖြစ်နိုင်ပါက နောင်ဘဝမှာ ရရှိလိမ့်မည်ဟု ကတိပေးခဲ့သည်။ Penance, Penance, Penance နောင်တယူ၍ မိမိကိုယ်ကို ပြင်ဆင်ကြပါဟု မှာကြားသည်။ ဖေဖော်ဝါရီလ (၂၄)ရက်နေ့တွင် ရဟန်းဘုန်းတော်ကြီးထံသွား၍ တန်ခိုးပြသောနေရာမှာ ဘုရားကျောင်း ဆောက်လုပ်ရန် မှာကြားသည်။ ဖေဖော်ဝါရီလ (၂၇)ရက်နေ့တွင် ငါသည် အပြစ်မဲ့သန္ဓေယူသော မယ်တော်သခင်မ ဖြစ်ကြောင်း ပြောပြသည်။
ဇွန်လ (၃)ရက်နေ့တွင် သူ၏ပထမဆုံး ကိုယ်တော်မြတ် ခံယူခဲ့သည်။ သူမအား ဂူရှိသော နေရာမှမဝင်နိုင်အောင် သံဆူးကြိုးဖြင့် ၎င်းဂူအား ဝိုင်းထားကြသည်။ ဤကဲ့သို့ မယုံကြည်သောသူများက အမျိုးမျိုး နှောက်ယှက်တားဆီးသည့်ကြားထဲက ဘက်နာဒက် မယ်တော်သခင်မအား အဝေးမှ ၎င်းဂူမှာ မြင်တွေ့နေစေဆဲဖြစ်သည်။
ဘက်နာဒက်သည် မိသားစုများ၊ အစိုးရအာဏာပိုင်များနှင့် တချို့ရဟန်း ဘုန်းတော်ကြီးများက မယ်တော်ထင်ရှားပြခြင်းအား ယုံကြည်ရန် ငြင်းပယ်ကြသည်။ ထို့ကြောင့် ဆရာတော်ကြီးများက ၎င်းမယ်တော် ထင်ရှားပြခြင်းအား လေ့လာရန် ကော်မတီဖွဲ့ရန် ကျွမ်းကျင်သူများ စေလွှတ်ခဲ့ကြသည်။ တန်ခိုးလက္ခဏာပြခြင်းများကို ကျွမ်းကျင်သူ ဆရာဝန်များနှင့် စစ်ဆေးခဲ့ကြသည်။ ဤကဲ့သို့ ကျွမ်းကျင်သူများသည် သုံးနှစ် (ခုနှစ်) ကြာ လေ့လာကြသည်။ ကော်မတီများ ကျွမ်းကျင်သူများ လေ့လာစစ်ဆေးခြင်း မပြီးမှီ ကမ္ဘာတစ်ဝှမ်း ပျံ့နှံ့၍ ဘုရားဖူးလေ့လာသူများ လာရောက်ကြသည်။
ဇွန်လိုင်၊ ၁၈၆၆-ခုနှစ်တွင် ဘက်နာဒက်သည် (Novitiate) နောဗီရှိတ်ဝင်ရန် နေဗါးသို့ စစ္စတာရ်ဖြစ်သင်တန်းတက်ရန် ထွက်ခွာသွားသည်။ ၎င်းနေရာမှာ သူမသေဆုံးသည့်အထိ နေခဲ့သည်။ သူမပြောသည်မှာ မယ်တော်ဂူသို့ ကိုယ်တိုင်မရောက်နိုင်ပေမဲ့ ဝိညာဉ်အားဖြင့် အမြဲရောက်ကြောင်းပြောသည်။ ဝိညာဉ်ခန္ဓာကိုယ် နှစ်ပါးစလုံး ကွန်ဗင့်မှာနေရင်း ဒုက္ခအမျိုးမျိုး ကြုံရသော်လည်း မယ်တော်သမီး ပီသစွာ ခံထမ်းနိုင်သည်။ သူ့လုပ်ငန်းလည်း တာဝန်ကျေ ပြီးဆုံးနိုင်သည်။
၂၂-၉-၁၈၇၈ ခုနှစ်တွင် သူမ၏ တသက်သစ္စာ ခံယူပွဲကျင်းပသည်။ ၎င်းနှစ် ဒီဇင်ဘာလတွင် ဆရာတော်ကြီး ကိုယ်စားလှယ်များ ရှေ့မျက်မှောက်၌ လွန်ခဲ့သည့် နှစ်ပေါင်း (၂၀)က လုဒ်မယ်တော် ထင်ရှားပြခြင်းအား သက်သေခံချက်အား အသစ်တဖန် ပြန်လည်ပြုလုပ်သည်။
သူမ၏ ပန်းနာရောဂါနှင့် ငယ်ငယ်တုန်းက ရောဂါများ ပြန်လည်ခံစားရသည်။ အသက်အရွယ် ကြီးလာသည်နှင့်အမျှ ရောဂါများပြန်၍ ထူလာသည်။ ၁၆-၄-၁၈၇၉ ခုနှစ်၌ ဘုရားသခင် ပြန်လည်သိမ်းပိုက်ခြင်း ခံရသည်။
၁၉၂၈ ၌ သူမအား ပုပ်ရဟန်းမင်းကြီး ဘေနဒက် (၁၅)က သူတော်မြတ်အဆင့်သို့ တင်မြောက်ခဲ့သည်။ ၁၉၃၃ ခုနှစ်၌ ရဟန်းမင်းကြီး ပီအူးစ် (၁၁)က ဘက်နာဒက်အား ရဟန္တာအဖြစ် တင်မြောက်သည်။
#Fr. ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)