အာဂနက်စ်သည် တာစ်ဂနစ်မှ မှူးမတ်အနွယ် သမီးတစ်ဦးဖြစ်သည်။ ငယ်ရွယ်စဉ်ကစပြီး ဝိညာဉ်ထက်သန်ကြောင်း ထင်ရှားသည်။ အသက်(၉)နှစ် သမီးအရွယ်ကစပြီး ဒေလ်ဆာရိုရှိ စည်းကမ်းတင်းကျပ်စွာ ဖွဲ့စည်းသည်။ ဖရန်စစ် စစ္စတာကျောင်းသို့ ဝင်ခဲ့သည်။ (၁၅)နှစ်အချိန်မှာ ပါရိုချဲနိုရှိ ဒေါမီနစ်ကန်ကွန်ဗင့် အကြီးအကဲအဖြစ် ရွေးချယ်ခြင်းခံရသည်။ ၎င်းကွန်ဗင့်အား ပုပ်ရဟန်းမင်းကြီး နီကောလာစ် စတုတ္ထမြောက်(၄)က တည်ထောင်ပေးခြင်းဖြစ်သည်။
သူမ၏ဇာတိရွာသားများက မွန်တေပိုရှားနိုမှာ ဒေါမိနစ်ကန်သီလရှင်ကျောင်းဖွင့်ရန် တောင်းဆိုကြသည်။ ၁၂၉၈-ခုနှစ်၌ (Celebrated Convent) ကွန်ဗင့်တစ်ခု တည်ထောင်ခဲ့သည်။ ၁၉-နှစ်တိုင် ၎င်းကွန်ဗင့်အား အုပ်ချုပ်ပြီး နောက်ဆုံး ဘုရားသခင် ပြန်လည်သိမ်းပိုက်ခြင်း ခံရသည်။
စိန့်အာဂနက်စ်သည် ဘုရားတန်ခိုးတော် ကျေးဇူးတော်အားဖြင့် ထင်ရှားမှုများစွာပြခဲ့သည်။ အလုပ်သမားများ၏ တန်ခိုးလက္ခဏာရှင်ဖြစ်သည်။ သူမ၏ကောင်းမြတ်သော ပါရမီသည် ဆုတောင်းခြင်း၌ သန့်ရှင်းခြင်းသည် ဘုရားသခင်၌ ယုံကြည်အားကိုးခြင်းဖြစ်သည်။ ထို့ကြောင့် ဆုတောင်းခြင်း၌ သူမအားကိုးစားသူများ ဘုရားသခင်ပေးသနားကြောင်း ထင်ရှားသည်။
#Fr. ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)