စိန့်ဂျော့သည် ဒေအိုကလေရှား လက်ထက်၌ ဒီအိုပိုလစ်၊ ပါလက်စတိုင်းနိုင်ငံ၌ တရားတော်အတွက် အသေခံခဲ့သည်။ သူ၏ကိုးကွယ်ယုံကြည်ခြင်းသည် ရှေးကျလှသည်။ ဂါလီလေအိုင်အရှေ့ဘက် ထရာခေါနီခရိုင်၌ တရားဟောခဲ့သည်။ ၁၈၆၈-ခုနှစ်၌ သူ၏အုတ်ဂူသင်္ချိုင်းကို တွေ့ခဲ့ကြသည်။ ဂရိတ်လူမျိုးများ၏ကိုးစားရာ ရဟန္တာကြီးဖြစ်၍ အထူးသဖြင့် တပ်မတော်၊ စစ်မှုထမ်းများ ကိုးစားရာ ရဟန္တာဖြစ်သည်။
အနောက်နိုင်ငံများ၌ စစ်သည်သူရဲကောင်းများ၏ စံနမူနာနှင့် မိန်းကလေးများ ကာကွယ်စောင့်ရှောက်သူအဖြစ် ထင်ရှားကျော်ကြားသည်။ ပုပ်ရဟန်းမင်းကြီး ကယ်လာစီအုစ်က အေဒီ ၄၉၅-ခုနှစ်၌ စိန့်ဂျော့အား ဘုရားသခင်နှင့် သက်ဆိုင်ရာ ဂုဏ်ပြုခြင်းတစ်ခု ပြုခဲ့သည်။
နဂါးကြီးနှင့်ဆိုင်ရာ ဝတ္တုဇာတ်လမ်းတစ်ခု ရှိခဲ့သည်။ ရာစုနှစ် (၁၂-၁၃) ပတ်ဝန်းကျင်မှာ တရားတော်အတွက် အသေခံခဲ့သည်။
စိန့်ဂျော့သည် သန့်ရှင်းသူ (၁၄)ပါးအနက် တစ်ပါးအပါအဝင်ဖြစ်သည်။ အထူးသဖြင့် အင်္ဂလန်ပြည်အတွက် ကိုးစားရာ ရဟန္တာကြီးဖြစ်သည်။ ပေါ်တူဂီ၊ ဂျာမဏီနှင့် ဗင်နီချယ်မြို့နှင့် ကာနိုအာမြို့တို့၏ ကိုးစားရာ ရဟန္တာလည်းဖြစ်သည်။
ပုပ်ရဟန်းမင်းကြီး ဘက်နဒက်(၁၄)က စိန့်ဂျော့အား အင်္ဂလန်ပြည်၏ကိုးစားရာ ရဟန္တာဖြစ်ကြောင်း တရားဝင်ကြေငြာသည်။ ယောကျ်ားကလေးများ၊ တောင်သူလယ်သမားများ၊ ကုန်းနှီးကကြိုးတန်ဆာ လုပ်ကိုင်ရောင်းချသူများနှင့် အဖျားကြီးသူများ ကိုးစားရာလည်းဖြစ်သည်။
#Fr. ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)