ဆင်းရဲသောမိသားစုမှ မွေးဖွားသော်လည်း ဘုရားတရား ကြည်ညိုသူများဖြစ်သည်။ အစ်မသည် စီတာရှား စစ္စတာရ်ဖြစ်၍ ဦးလေးတစ်ယောက်လည်း ရသေ့ဖြစ်သည်။ အသက်(၁၂)နှစ်အရွယ်၌ လုကာ (Lucca) မိသားစု၌ ထမင်းချက်လုပ်ငန်း ဝင်လုပ်ခဲ့သည်။ ဘုရားသခင် ပြန်လည်သိမ်းပိုက်ချိန်ထိ ထမင်းချက်ခဲ့သည်။
သူမသည် ထမင်းချက်လုပ်ငန်းအား သစ္စာရှိစွာ လုပ်ခဲ့သည်။ ညပိုင်း၌ အမြဲဆုတောင်းသည်။ ဆန်ဖရန်ဒီနိုဘုရားကျောင်း၌ နံနက်တိုင်း မစ္ဆားတရားနာယူ၍ ကိုယ်တော်မြတ် ပင့်ယူလေ့ရှိသည်။ အစာရှောင်ခြင်း ခဏခဏပြုလုပ်၍ ၎င်းအစား ဆင်းရဲသားများ ပေးကမ်းစွန့်ကြဲသည်။ တခါတလေ ကြမ်းပြင်ပေါ်မှာအိပ်၍ တရားကျင့်၊ ဆင်းရဲခြင်းအား ကျင့်ခဲ့သည်။ သူမ၏ကုတင်အား သူတောင်းစား တစ်ယောက်အား ပေးလှူခဲ့သည်။ အသိုင်းအဝန်းလူများက တခါတလေ အနှောက်အယှက် အမျိုးမျိုးပေးသော်လည်း နူးညံ့သိမ်မွေ့ခြင်း၊ သည်းခံနှိမ့်ချခြင်းဖြင့် အမြဲအနိုင်ယူသည်။ ခရစ်တော်၏ နာမတော်အားဖြင့် အားလုံးအောင်မြင်သည်။ သူမ၏ အကြီးအကဲများက အနှောက်အယှက် အခက်အခဲဟူသမျှ ပါရမီအားဖြင့် အောင်မြင်ကြောင်း သိကြသည်။ မိဘတိုင်းက စိန်ဇီတား ထိန်းသိမ်းစောင့်ရှောက်သော ကလေးများအား စိတ်ချယုံကြည်ကြသည်။ နေ့စဉ်လုပ်ငန်း ပြီးစီးသောအခါ ဆင်းရဲသားများကို ကြည့်ရှုလေ့ရှိသည်။ (ခရစ္စမတ်နေ့၌ သူမ၏ဆရာကုတ်အင်္ကျီကို တောင်းသောအခါ ချက်ခြင်းပေးလိုက်သည်။) ခရစ္စမတ်ည၌ သူမ၏ဆရာက သူ့ကုတ်အင်္ကျီအား ခဏကိုင်ထား၍ မပျောက်စေရန် မှာကြားသည်။ ဘုရားကျောင်းသွား၍လမ်းတွင် တစ်ယောက်က ချမ်းလွန်းအားကြီးလို့ဆိုပြီး ကုတ်အင်္ကျီအား တောင်းသည်။ သူမက ဘုရားကျောင်းဆင်းရင် ပြန်ယူမယ်။ ဆရာကုတ်အင်္ကျီဖြစ်ကြောင်း ပြောသည်။ ဘုရားကျောင်းဆင်းသော် ၎င်းလူမရှိတော့ချေ။ သူမ၏ဆရာက ကုတ်အင်္ကျီပျောက်သည့်အတွက် စိတ်ဆိုးမာန်တက် ဖြစ်နေသည်။ မမျှော်လင့်ဘဲ စိန့်ဇီတားသည် ညစာစားပွဲ၌ ထိုင်ခါနီး လူတစ်ဦးဝင်လာ၍ ကုတ်အင်္ကျီအား ပြန်ပေး၍ ချက်ခြင်းပျောက်ကွယ်သွားသည်။ လုကားဆိုသူက “The Angel of Door” သိကြားမင်းတံခါးဟု နာမည်နှင့် ပိုစတာတစ်ခုလုပ်၍ စိန့်ဖရင့်ဒီယန် ပိုစတာနာမည်ပေး၍ စိန့်ဇီတား တွေ့ဆုံသောသူဆင်းရဲ ဟုခေါ်သည်။
စိန့်ဇီတားသည် ရိုးသားစွာလုပ်ကိုင်နေထိုင်၍ ဘုရား၏ဂုဏ်တော်ကို ထင်ရှားစေသည်။ ၁၂၇၈-ခုနှစ် ဧပြီလ ၂၇-ရက်နေ့၌ သေဆုံးသည်။ လုကားရှိ ဆန်ဖရန်ဒီယန် ဘုရားကျောင်းဝင်း၌ သင်္ဂြိုလ်ခဲ့သည်။ သူမသည် အိမ်မှုကိစ္စသည်များ၏ ကိုးစားရာ ရဟန္တာဖြစ်သည်။
#Fr. ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)