သူသည် ၁၈၀၃-ခုနှစ်၌ ဘေလီသာသနာ၌ မွေးဖွားသည်။ သမုဒ္ဒယာပင်လယ်ဒေသ၌ ပထမဦးဆုံးတရားတော်အတွက် အသေခံသော စိန့်မေရီအဖွဲ့အစည်းမှ တစ်ဦးဖြစ်သည်။ အသက်(၇)နှစ်၌ သိုးများထိန်းကျောင်းခဲ့သည်။ တနေ့ သိုးကျောင်းနေချိန် ကရာစ်ကျောင်းထိုင်ဘုန်းတော်ကြီး အာဘေထရောပီနှင့် တွေ့ဆုံ၏။ သူ၏ဉာဏ်ထက်မြက်ခြင်းကို ဘုန်းတော်ကြီးသိ၍ မိဘတို့အားစွန့်ခဲ့၍ လာတင်းကျောင်း၌ ပညာသင်ကြားရန် ဖိတ်ခေါ်၏။
ဘုန်းတော်ကြီး ဖိတ်ခေါ်သည့်အတိုင်းလိုက်၍ ကျောင်း၌လည်း ပညာထူးချွန်၍ မကြာခင် ရဟန်းဖြစ်ကျောင်းသို့ ဝင်ခွင့်ရသည်။ ဆရာတော်ကြီးကလည်း သူ့အား ကြိုတင်ဟောကိန်း ထုတ်သည်မှာ သူသည် ရွှေနှလုံးသားပိုင်ရှင်၊ ရိုးသားဖြောင့်မတ် ယုံကြည်သောကလေး၊ သိကြားများဘဝကဲ့သို့ အသက်ရှင်ကြောင်း ထုတ်ဖော်ခဲ့သည်။
မကြာခင် ရဟန်းသိက္ခာ ခံယူ၍ ကဂိုဇက်ကျောင်းထိုင်ဘုန်းကြီး လုပ်ရသည်။ သာသနာအား အသစ်ပြန်လည် ပြုပြင်ရေးလုပ်ငန်း စတင်သည်။ အကူညီလိုသူ လူနာများနှင့် ဆင်းရဲသားများအတွက် အမြဲတံခါး ဖွင့်ပေး၍ ကူညီလေ့ရှိသည်။
၁၈၃၁-ခုနှစ်၌ သာသနာပြုဂိုဏ်း မေရစ်ဂိုဏ်းသို့ဝင်၍ အမှုထမ်းခဲ့သည်။ ဘေလီရှိ ရဟန်းဖြစ်ကျောင်း၌ စာချကထိကဖြစ်ရန် ဆင့်ခေါ်ခြင်း ခံရသည်။ ၁၈၃၆-ခုနှစ်၌ ပုပ်ရဟန်းမင်းကြီး ဂရေဂေါ်ရီ(၁၆)က အသင်းဂိုဏ်းသစ်အား အသိအမှတ်ပြု ထောက်ခံ၍ အိုင်ယာလန်ကျွန်း ဖူတူးနာ၌ သာသနာပြု လုပ်ခဲ့သည်။ လူတိုင်း၏ လက်ခံကြိုဆိုခြင်း ခံရသော်လည်း မနာလိုသူများ ပေါ်လာသည်။ ရွာသူကြီး၏သား ဆေးကြောခြင်း ခံကြောင်း သိသောအခါ သူကြီးက လူဆိုးများ စေလွှတ်၍ ပီတာနှင့် အဖွဲ့အား လည်ပင်းဖြတ် ကွပ်မျက်စေသည်။ အိုင်ယာလန်တစ်ခုလုံး ခရစ်ယာန် ဖြစ်လာကြသည်။ ၁၉၅၄-ခုနှစ်၌ အသင်းတော်က ရဟန္တာ တင်မြောက်ခဲ့သည်။
#Fr. ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)