ကက်သလစ် ယုံကြည်ခြင်းကို ခုခံကာကွယ်ပေးခဲ့သူ စိန့်အာသနာစီအူးစ်သည် သက္ကရာဇ် ၂၉၃-ခုနှစ်တွင် အီဂျစ်နိုင်ငံ အလက်ဇန်းဒရီးယားမြို့တွင် ဖွားမြင်ခဲ့သည်။ ဘုရားဗေဒနှင့် ယုံကြည်ခြင်း အကြောင်းများကို လေးစားစွာ သင်ကြားပြီးနောက် အလက်ဇန်းဒရီးယားမြို့၏ ဆရာတော်ထံတွင် အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သက္ကရာဇ် ၃၂၈-ခုနှစ်တွင် ၎င်းဆရာတော်၏ အရိုက်အရာကို ဆက်ခံခဲ့သည်။ ၎င်းနောက်ပိုင်း ယုံကြည်ခြင်းနှင့် ဘုရားဗေဒဆိုင်ရာ အသရေဖျက် အတိုက်အခံ ပြောဆိုမှုတို့ကို စတင်ခုခံ ကာကွယ်ခဲ့ရာ၌ အထူးသဖြင့် ခရစ်တော်ယေဇူး၏ ထူးကဲမြင့်မြတ်သော ဂုဏ်တော်ကို လက်ခံရန် ငြင်းဆိုခဲ့ကြသော အလက်ဇန်းဒရင်း ဘုန်းတော်ကြီးများနှင့် အာရီဦး (Arius) တို့ ဖြစ်ကြသည်။ ၃၂၅-ခုနှစ်တွင် နီချဲယာကောင်စီက ဟိုမိုဆမ်းယမ်း အယူဝါဒ- သားတော်ဘုရားသည် ခမည်းတော်ဘုရား၏ ဂုဏ်တော်နှင့် အတူတူပင် ဖြစ်ကြောင်းကို ပြဌာန်းဖော်ပြထားပြီး ဖြစ်သော်လည်း ပဋိပက္ခကြီးပြီး ဆုံးမသွားခဲ့ပေ။ အာရီးယမ်း (Arian)များက ဧက္ကရာဇ်ဘုရင်၏ တရားရုံးတော်တွင် ဩဇာအာဏာ ညောင်းသူများဖြစ်သည့်အပြင် အသင်းတော်ကို ဆန့်ကျင်သော အယူဝါဒများကို ထိုခေတ်တွင် ကျော်ကြားသော သီချင်းများမှတဆင့် ဝါဒဖြန့်ချီရာတွင်လည်း စွမ်းစွမ်းတမံ လှုပ်ရှားပြသူများ ဖြစ်ကြသည်။ ၃၅၅-ခုနှစ်တွင် နေရာအနှံ့ ထိုဝါဒ ပျံ့နှံ့သွားခဲ့ရာ သံဂျေရုမ်းက “ကမ္ဘာကြီးဟာ သူ့ကိုယ်သူ အားရီးယမ်းလို့ တွေ့မြင်ပြီး အံ့ဩတွေဝေ ညည်းညူနေလေပြီး” ဟု ကောက်ချက်ချခဲ့သည်။
မာရီးယမ်းဝါဒကို ခုခံကာကွယ်သော ဆရာတော်များ၊ ပုပ်ရဟန်းမင်းကြီး လီဘဲရီဦး အပါအဝင် သီးသန့်ခွဲခြား ထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။ စိန့်အာသနာစီအူးစ် ကိုယ်တိုင်လည်း ငါးကြိမ်တိုင်တိုင်၊ စုစုပေါင်း (၁၇)နှစ် ပြည်နှင်ဒဏ် ခံခဲ့ရသည်။ လုပ်ကြံသတ်ဖြတ်မှု ကြိုးစားခြင်းမှ လွတ်မြောက်ရန် အလို့ငှါ သဲကန္တာရတွင် တောထွက်တရား ကျင့်ကြံနေထိုင်ကြသော ရသေ့များထံ နှစ်ကြိမ်တိုင်တိုင် ရှောင်ကွင်းခိုလှုံခဲ့ရသည်။ သက္ကရာဇ် ၃၆၃-ခုနှစ်တွင် စိန့်အာသနာစီအူးစ်သည် သံအန်ထော်နီ၏ ဘဝဇာတ်ကြောင်းနှင့် အခြားအခြားသော စာအုပ်များကို ရေးသားပြုစုခြင်းဖြင့် အချိန်ကို တန်ဖိုးရှိစွာ အသုံးချခဲ့သည်။ သူသည် သက္ကရာဇ် ၃၇၃-ခုနှစ်တွင် ပျံလွန်တော်မူခဲ့ပြီး သူ၏ရုပ်ကလပ်ကို ဗီးနစ်မြို့သို့ ရွေ့ပြောင်းသယ်ခဲ့သည်။ သူသည် အသင်းတော်ကို ခုခံကာကွယ်သူ တစ်ဦးအဖြစ် အသိအမှတ်ပြုခြင်း ခံရပြီး သူ၏ကြိုးစားမှုကြောင့် ကက်သလစ် ယုံကြည်ခြင်းကို လွမ်းမိုးချုပ်ကိုင်တော့မည့် အခွင့်အလမ်း အခြေအနေများမှ ကယ်တင်နိုင်ခဲ့ရာ အောင်မြင်မှု အသီးအပွင့်များလည်း ဝေဆာခဲ့လေသည်။
#စိန့်ဖရန်စစ်ဇေးဗီးယားဘရာသာရ်များ (Press)