Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#မေလ (၃) ရက် #ယနေ့သာသနာကအမှတ်ရကျင်းပသောပွဲနေ့ရှင် #စိန့်ဖိလစ်နှင့်စိန့်ဂျိမ်းစ် #Fr.ကလေးမင်း(အားတယ်) (ဘာသာပြန်) Posted by M Sulatthtwe

ယနေ့ပွဲနေ့ရှင်သည် နှစ်ပါး ဖြစ်ပါသည်။ နှစ်ပါးစလုံးသည် ယေဇူးသခင်၏ တပည့်တော်ကြီး ဆယ့်နှစ်ပါးထဲမှ ဖြစ်သည်။ စိန့်ဂျိမ်းစ်သည် အာလ်ဖေအုစ်၏သား ဖြစ်သည်။ ဧ၀ံဂေလိ ကျမ်းစာထဲ၌ သူ၏အကြောင်း များများစားစား ဖော်ပြထားခြင်း မရှိ။ ယေဇူးသခင်၏ တပည့်တော်ကြီးများအနက် ယာကုပ်အမည်တူ နှစ်ပါးရှိရာ ယနေ့ပွဲနေ့ရှင်မှာ ယာကုပ်အငယ် ဖြစ်သည်။ တမန်တော်၀တ္တုကျမ်း၌ လည်း ယာကုပ် အမည်တူတစ်ဦး ထပ်ပါလာသည်။ သို့သော် ထိုသူသည် ကလေအိုဖာ၏သား ဖြစ်သည်။

စိန့်ဖိလစ်သည် စိန့်ပီတာနှင့် စိန့်အန်ဒရူးတို့၏ ဇာတိမြို့ဖြစ်သော ဂါလီလေယာနယ်၊ ဘက်ဆိုင်းဒါမြို့မှ ဖြစ်သည်။ သူသည် ယေဇူးသခင်၏ နောက်လိုက်ရန် တိုက်ရိုက်ခေါ်ခြင်းကို ခံခဲ့ရပြီး နောက်မှ သူ၏သူငယ်ချင်း နာသာနာအဲလ်အား တွေ့အောင်ရှာ၍ ယေဇူးသခင်အကြောင်းကို ပြန်လည် ဖောက်သည်ချ၍ သူ့ အား ယေဇူးသခင်ထံ အရောက် ခေါ်လာခဲ့သည်။ (ရှင်ယောဟန် ၁း ၄၅) အခြားသော တပည့်တော်ကြီးများ ကဲ့သို့ပင် ယေဇူးသခင်၏ အဖြစ်ဇာတိတော်ကို ယုံကြည် လက်ခံရန် အချိန်ကြာမြင့်စွာ ယူခဲ့သည်။ ယေဇူးသခင်သည် တရားနာပရိသတ်ကြီးအား ကျွေးမွေးလိုကြောင်း၊ မည်သည့်နေရာတွင် ၀ယ်ယူနိုင်ကြောင်း မေးမြန်းခဲ့ဖူးသည်။ ယေဇူးသခင်သည် လူအုပ်ကြီးအား အဘယ်သို့ ကျွေးမွေးမည်ကို သူ၌ အစီအစဉ်ရှိပြီး ဖြစ်သည်။ (ရှင်ယောဟန် ၆း ၆) ယေဇူးသခင်၏ အမေးကို ဖိလစ်က ဒေနာရီ နှစ်ရာဖိုးပင်လျှင် ဤလူအုပ်ကြီးအား ကျွေးမွေးရန် လုံလောက်မည် မဟုတ်ကြောင်း ဖြေကြားခဲ့သည်။ (ရှင်ယောဟန် ၆း ၇ဤသို့ တင်ပြထားခြင်းမှာ ဖိလစ်၏ ဂုဏ်သိက္ခာကို ငြိုးနွမ်းစေလို၍ မဟုတ်။ သာသနာ၏ ထောင့်ချုပ်ကျောက်များ ဖြစ်လာကြမည့် သူများသည် လူအားဖြင့် မစွမ်းသည်ကို ဘုရားအားကို ကိုးရကြောင်း ကောင်းစွာ သိရှိစေလို၍ ဖြစ်သည်။

ဖိလစ်နှင့် ပတ်သက်၍ ဧ၀ံဂေလိ ကျမ်းထဲ၌ နောက်အဖြစ်အပျက်တစ်ခု ဖော်ပြထားသေးသည်။ ထိုအဖြစ်အပျက်ကား “ယေဇူးသခင် အဘယ်သို့သွားမည်ကို ကျွန်ုပ်အဘယ်သို့ သိနိုင်မည်နည်း”ဟု တပည့်တော်ကြီး သောမတ်စ်၏ ပြောဆိုခြင်းကို ယေဇူးသခင်က “ငါသည်လမ်းခရီး ဖြစ်၏။ သင်တို့သည် ငါ့ကိုသိလျှင် ငါ့ခမည်းတော်ကိုလည်း သိကြလိမ့်မည်။ ယခုမှစ၍ သင်တို့သည် သူ့ကို သိကြလိမ့်မည်။ မြင်ရကြလိမ့်မည်။” (ရှင်ယောဟန် ၁၄း ၆က၊ ၇ထိုအခါ ဖိလစ်က ချက်ချင်း “သခင်၊ ခမည်းတော်ဘုရားကို ကျွန်ုပ်တို့အား ပြတော်မူပါလျှင် ကျွန်ုပ်တို့အတွက် လုံလောက်ပါလိမ့်မည်” ဟု ပြောဆိုလိုက်သည်။ (ရှင်ယောဟန် ၁၄း ၈) “ငါသည် သင်တို့နှင့်အတူ ဤမျှကြာ နေခဲ့သော်လည်း ငါ့အား သင်တို့သည် မသိကြသလော။ ငါ့အား မြင်ဖူးသော သူများသည် ခမည်းတော်ကို မြင်ဖူးသည်ဟု” မိန့်တော်မူ၏။ (ရှင်ယောဟန် ၁၄း ၉ကဖိလစ်အမည်သည် ဂရိစကားမှ ဆင်းသက် လာသည့် အမည် ဖြစ်နိုင်သည်။ သူသည် ယေဇူးသခင်နှင့် အနေနီးခဲ့သောကြောင့် ဂျူးမဟုတ်သော လူမျိုးခြား အချို့တို့သည် ယေဇူးသခင်နှင့် မိတ်ဆက်ပေးရန် ချဉ်းကပ်ခဲ့သည်။ ထိုတောင်းဆိုချက်ကို ဖိလစ်သည် အန်ဒရူးအား အသိပေးခဲ့ပြီး ထိုမှတဆင့် ယေဇူးသခင်ထံ လျှောက်တင်ခဲ့သည်။ ယေဇူးသခင်က သူ၏အချိန် ကျရောက်လာပြီ။ သူသည် မကြာမီ ဂျူးလူမျိုးနှင့် ဂျူးလူမျိုး မဟုတ်သော လူမျိုးခြားများအတွက် အသက်ကို စွန့်မည့်အကြောင်း မိန့်ကြားခဲ့သည်။ သာသနာတော်ကြီး၏ အုတ်မြစ် ဖြစ်လာကြမည့် အခြားသော တပည့်တော်ကြီးများကဲ့သို့ ဂျိမ်းစ်နှင့် ဖိလစ်တို့ နှစ်ပါး၌လည်း လူဆန်သည့် အချက်များကို မြင်တွေ့ရပါသည်။ သန့်ရှင်းခြင်းနှင့် တမန်တော် လုပ်ငန်းသည် ဘုရားသခင်၏ ကောင်းကြီးသက်သက် ဖြစ်သည်။ လူတို့၏ စွမ်းဆောင်နိုင်မူ၌သာ တည်မှီနေသည် မဟုတ်။

#Fr.ကလေးမင်း(အားတယ်) (ဘာသာပြန်)

ရဟႏာၱ