စိန့်မာရီယံသည် ကျမ်းစာဖတ်ခွင့်ရ အမှုတော်ကို ဆောင်ထားသူ ဖြစ်သည်။ စိန့်ဂျိမ်းစ်မှာမူ ဥပဇင်း သိက္ခာ ခံယူထားပြီးသူ ဖြစ်သည်။ သူတို့နှစ်ပါးသည် အေဒီ (၂၅၉) ခုနှစ်၀န်းကျင်၊ ရောမဘုရင် ဗာလေးရီယံ အုပ်ချုပ်နေစဉ် ခရစ်ယာန်တို့အား သတ်ဖြတ်ညှဉ်းဆဲခြင်း၌ ကွပ်မျက် ခံခဲ့ကြရသည်။ ၄င်းတို့၏ အကြောင်းကို များများစားစား မသိရပေ။ ၄င်းတို့ ထောင်ကျခံနေရစဉ် ၄င်းတို့ အဘယ်သို့ သေဆုံးရမည်ကို ရူပါရုံ မြင်ထားခဲ့ကြသည်။ ထိုရူပါရုံ မြင်ကွင်းကြောင့် ကြောက်စိတ်မမွေးဘဲ သတိမွေးကာ ကြုံလာမည့် အခြေအနေကို သတိရှိရှိ၊ အကောင်းဆုံး ရင်ဆိုင်ကျော်ဖြတ်ရန် အားမွေးခဲ့ကြသည်။ ၄င်းတို့ ကွပ်မျက်ခံရသည့်အချိန်၌ ၄င်းတို့နှင့် အခြားသော ခရစ်ယာန်များလည်း ကွပ်မျက်ခံခဲ့ရသည်။ ထိုခေတ်အခါက တရားတော်အတွက် ကွပ်မျက်ခံခြင်းမှတပါး ရဟန္တာအဖြစ် တင်မြောက်ရန် ပြဌာန်း သတ်မှတ်ထားချက် မရှိခဲ့ပေ။ ၄င်းတို့သည် (၃)ရာစုခန့်က ကွပ်မျက်ခံခဲ့ရခြင်း ဖြစ်သည်။ အဘယ်မျှ ပြောင်းလဲအောင် ပြုလုပ်စေကာမူ အရင်အတိုင်းသာ ဖြစ်နေသည်ဟု အဆိုရှိသကဲ့သို့ ခရစ်ယာန်များကို အမြစ်ပြတ် သုတ်သင် ကြိုးစားခဲ့သော်လည်း ယနေ့ထိ မပြတ်ဘဲ ယခင်အတိုင်း သို့မဟုတ် ယခင်ကထက် ပို၍ပင် တိုးပွားလျှက် ရှိသည်။
#Fr.ကလေးမင်း(အားတယ်) (ဘာသာပြန်)