သူငယ်စဉ်ဘဝအကြောင်းအား အသေးစိတ် မသိရပါ။ သို့သော် သူသည် ကလောဒီနူစ်မာမေတူးစ် ညီဖြစ်ကြောင်း သိရပါသည်။ သူသည် ပုပ်ရဟန်းမင်းကြီး ဟီလ်လာရီက ဆရာတော်တာဝန်ခံရင်း ဆုံးမခဲ့သည်။ အာလ်သံဃာ အစည်းအဝေး၌ သူအပြစ်ပေး ဆုံးဖြတ်ချက်ချ ခံရသည်။ သူ့အား ကောင်းကင်ဘုံသို့ တက်ကြွတော်မူခြင်းပွဲ မတိုင်ခင် တနင်္ဂနွေမှစ၍ ရဟန္တာများ၊ လီတာနီ၏ မူရင်းဖြစ်ကြောင်း သတ်မှတ်ကြသည်။ ယုံကြည်သူများ၏ ဘုရားသခင်ထံ အသနားခံ တောင်းလျှောက်ခြင်း ကာလဟု သတ်မှတ်ကြသည်။ သူတို့သည် ၅-ရာစုနှစ်ခန့်က အစပြု၍ Gaul ကောလ်တို့က တားဆီးချိန်၊ ပြည်တွင်းစစ်လှိုင်း တံပိုးထချိန်၊ မီးတောက်လောင်ခြင်း၊ မြေငလျင်လှုပ်၍ အခက်အခဲ များစွာရှိသည်။ သဘာဝအရ ကြောက်စရာပေါင်းများစွာနှင့် ပြည့်စုံသည်။
ရှင်မာမေတူးစ်သည် ဆရာတော်တစ်ပါး ဖြစ်သည့်အတိုင်း သားသမီးများအား အမျက်ဒေါသ ပြေနိုင်ရန် အမိန့်ပေး မေတ္တာရပ်ခံသည်။ ခြိုးခြံခြင်း ပြုလုပ်ရန် တောင်းဆိုသည်။ ဤကဲ့သို့ ဆုတောင်းခြင်း၊ ခြိုးခြံခြင်းကို ဘာသာတူခြင်းများ ပြုလုပ်သည့်အတွက် ဆင်းရဲဒုက္ခ စစ်ဘေးရန်တို့မှ လွတ်မြောက်သွားနိုင်သည်။
ရှင်မာမေတူးစ်သည် အေဒီ ၄၇၇-ခုနှစ်တွင် (Viena) ဗီနာမြို့၊ စိန့်ပီတာ ဘုရားကျောင်း၌ သင်္ဂြိုလ်ခြင်း ခံရသည်။ သူ၏ (Rogation) ခရစ်တော် ကောင်းကင်ဘုံ တက်ကြွတော်မူပွဲ မတိုင်ခင် (၃)ရက် ရဟန္တာ လီတနီဆိုခြင်းအား ဆက်လက်၍ ဆက်ခံသူများက ထိန်းသိမ်းကြသည်။ အေဒီ ၅၁၁-ခုနှစ်၌ အောလင်းကောင်စီ အစည်းအဝေး၌ ကောလ်နယ်တစ်ခုလုံး ရဟန္တာလီတနီအား ကောင်းကင်ဘုံ တက်ကြွတော်မူခြင်းပွဲ မတိုင်ခင် သီဆိုရန် ကြေညာစေကြသည်။
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)