ရှင်နေရီအူးစ်၊ ရှင်အာချီလေစစ်နှင့် ရှင်ဒေါမီတီလာတို့၏ ယုံကြည်ခြင်းသည် ၄-ရာစုခန့်က စတင်ခဲ့သည်။ ၎င်းတို့၏ ပွဲနေ့ရက်အား နှစ်ပေါင်းနှစ်ရာခန့်က ပွဲရက်ကြီးအဖြစ် ရောမ၌ ကျင်းပခဲ့ကြောင်း ရှင်ဂရေဂေါ်ရီကြီးက သူ၏ ၂၈-ဩဝါဒတွင် ဖော်ပြသည်။ ဤရဟန္တာများရှေ့၌ ဆုတောင်းပါက စိတ်ကျေနပ်မှုကို ရရှိသည်။ ရှင်ဒေါမီတီလာ၏ သင်္ချိုင်းပေါ်တွင် ဘုရားကျောင်းတစ်ဆောင်ဆောက်၍ ၎င်းကျောင်း၌ ဆုတောင်းသူတိုင်း စိတ်ချမ်းမြေ့မှု ရရှိကြသည်။
ရှင်နေရီအူးစ်နှင့် ရှင်အာချီလေစစ်တို့သည် ရှေးရောမ စစ်ဗိုလ်များ ဖြစ်ကြသည်။ သူတို့သည် မိန်းမစိုးများနှင့် ပတ်သက်ကြောင်း အထူးသဖြင့် ပဖေပီးယား ဒေါမီတီလာနှင့် ပတ်သက်၍ ပြည်နှင်ဒဏ်ပေးခြင်း ခံရကြသည်။ ရှင်ဂျေရုမ်း ဖော်ပြသည်မှာ သူမ၏ ပြည်နှင်ဒဏ်ခံရခြင်းသည် အသေခံခြင်းနှင့် တူကြောင်း ဖော်ပြသည်။
ရောမတို့၏တရားအတွက် အသေခံခြင်းဆိုင်ရာ ကျွမ်းကျင်သူများက နေရီအူးစ်၊ အာချီလေစစ်နှင့် ဒေါမီတီလာတို့အား ကျွန်းဆွယ်သို့ ရွေ့ပြောင်း၍ နှစ်ယောက်သည် ခေါင်းဖြတ်ခံရ၍ ဒေါမီတီလာသည် မီးရှို့သတ်ဖြတ်ခြင်း ခံရသည်။ အဘယ်ကြောင့်ဆိုသော် ရုပ်ထုကိုးကွယ်ရန် ငြင်းပယ်သောကြောင့် ဖြစ်သည်။ ဤသမိုင်းရာဇဝင်အား ရဟန္တာနှစ်ပါး၏ မိသားစု မြေအောက်တိုက်ခန်း သင်္ချိုင်းတွင် တွေ့ရသည်။ နောက်ပိုင်း၌ ဒေါမီတီလာ သင်္ချိုင်းဖြစ်ကြောင်း သိရသည်။
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)