Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#12 May 2021 #သံပန်ခရာ့စ် (ဓမ္မအာဇာနည်) #စိန့်ဖရန်စစ်ဇေးဗီးယားဘရာသာရ်များ (Press) Posted by M Sulatthtwe

သံပန်ခရာ့စ်သည် ဆီးယီးယန်းလူမျိုး ဖြစ်သည်။ ဆွေကြီးမျိုးကြီး အသိုင်းအဝိုင်းမှ မွေးဖွားခဲ့သည်။ သူ၏မိဘများ ကွယ်လွန်သွားကြသောအခါ သူ၏ဦးလေးက သူ့ကို ရောမားမြို့ကို ခေါ်ယူခဲ့သည်။ အသက် ၁၄-နှစ်အရွယ်တွင် သူသည် ခရစ်ယာန်အယူဝါဒကို ပြောင်းလဲယုံကြည်လက်ခံခဲ့သည်။ ထို့နောက် သူပိုင်ဆိုင်သမျှ အရာအားလုံးကို ဆင်းရဲသားများအား ဝေငှပေးကမ်းရန် စတင် ဆောင်ရွက်ခဲ့သည်။ ထိုအပြုအမှုဟာ အာဏာပိုင်တို့အား အာရုံစူးစိုက်လာစေပြီး သက္ကရာဇ် ၃၀၄-ခုနှစ် ဒီအိုကလဲဆီယန်း၏ ညှင်းပန်း နှိပ်စက်မှုများအချိန်တွင် ခေါင်းဖြတ် အသတ်ခံခဲ့ရသည်။ ဩရေးလီယန်း (Aurelian) လမ်းတွင် သူ့ကိုမြုပ်နှံခဲ့ပြီး သူ့ကိုဂုဏ်ပြုသောအားဖြင့် ပုပ်ရဟန်းမင်းကြီး ဆင်မားကုစ်က ထိုနေရာတွင် ဘုရားရှိခိုးကျောင်း ဆောက်လုပ်ခဲ့သည်။ သံဂရေဂေါ်ရီက သူ့ကို “လိမ်ညာထွက်ဆို သူများအား လက်စားချေသူ” ဟုနာမည်တပ်ခဲ့သည်။ ဘုရားသခင်သည် သံပန်ခရာ့စ်၏ ရုပ်ကြွင်းရှေ့၌ ပြုလုပ်သော မှားယွင်းသော ကတိသစ္စာအားလုံးကို အမြဲတစေ အပြစ်ပေးသည်ဟု သံဂရေဂေါ်ရီက အတိအလင်း ပြောဆိုခဲ့သည်။

#စိန့်ဖရန်စစ်ဇေးဗီးယားဘရာသာရ်များ (Press)

ရဟႏာၱ