Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#မေလ (၁၃) ရက် #ယနေ့သာသနာကအမှတ်ရကျင်းပသောပွဲ #ဖာတီမာ၌သိုးကျောင်းသားသုံးဦးအားမယ်တော်ထင်ရှားပြသောပွဲ #Fr.ကလေးမင်း(အားတယ်) (ဘာသာပြန်) Posted by M Sulatthtwe

 

(၁၉၁၇ခု မေလ (၁၃ရက်မှ အောက်တိုဘာလ (၁၃ရက်နေ့အထိ ပေါ်တူဂီကလေးသုံးဦးဖြစ်သော ဖရန်စစ္စကို၊ ဂျာစင်းတာ မားတိုနှင့် ၄င်းတို့၏ အစ်မတစ်၀မ်းကွဲ လူစီးယာ ဒေါ့စ်ဆန်းတော့စ်တို့သည် ဖာတီမာမြို့နှင့် မဝေးလှသော Cova da Iria တွင် နေထိုင်ကြသည်။ ဤမြို့သည် လစ်ဘွန်မြို့၏ မြောက်ပိုင်း (၁၁၀မိုင်ဝေးသောမြို့ ဖြစ်သည်။

အမိမယ်တော်သည် သိုးကျောင်းနေသော ကလေးသုံးဦးထံသို့ ပေါ်လာပြီး ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် စိပ်ပုတီးကိုစိပ်ရန် တောင်းဆိုခဲ့သည်။ အထူးသဖြင့် ပထမကမ္ဘာစစ်မီး ပြီးဆုံးရန်၊ အပြစ်သည်များအတွက် ဆုတောင်းပေးရန်နှင့် ရုရှားနိုင်ငံ၏ ပြောင်းလဲခြင်းအတွက် ဆုတောင်းပေးရန် တောင်းဆိုခဲ့သည်။ ထိုစဉ်က ရုရှားနိုင်ငံသည် ကွန်မြူနစ်စနစ်ကို ကျင့်သုံးသောနိုင်ငံ ဖြစ်သည်။ အမိမယ်တော်သည် ကလေးသုံးဦးအား လျှို့၀ှက်ချက် သုံးချက်ကို ပေးခဲ့သည်။ ဖရန်စစ္စကိုနှင့် ဂျာစင်းတာတို့သည် (၁၉၁၉တစ်ယောက်၊ (၁၉၂၀တွင် တစ်ယောက် ရှေ့ဆင့်နောက်ဆင့် ဆုံးပါးသွားခဲ့ကြသည်။

ထိုလျှို့ချက်များအနက် လူစီးယာသည် ပထမလျှို့၀ှက်ချက်ကို (၁၉၂၇တွင် ထုတ်ဖော် ပြောပြခဲ့သည်။ ထိုလျှို့၀ှက်ချက်ကား အလွန်သန့်ရှင်းစင်ကြယ်သော မယ်တော်၏ နှလုံးတော်အား သဒ္ဒါကြည်ညိုခြင်း ရှိရန်ဖြစ်သည်။ ဒုတိယရူပါရုံမှာ ငရဲမီး၏မြင်ကွင်း ဖြစ်သည်။ သိုးကျောင်းသားလေး သုံးဦးအနက် မသေဆုံးဘဲ ကျန်ရစ်သော လူစီးယာသည် နောက်ပိုင်း၌ ကာလ်မဲလိုက်သီလရှင်အဖြစ် ခံယူခဲ့သည်။ သူသည် (၂၀၀၅ခုနှစ်၊ သက်တော် (၉၇နှစ်တွင် ဘုရားသခင် ပြန်လည်ခေါ်ဆောင် သွားခဲ့ပါတော့သည်။

ရဟန်းမင်းကြီး စိန့်ဂျွန်ပေါလ်က နှစ် (၂၀၀၀တွင် တတိယလျှို့၀ှက်ချက်ကို ဖော်ထုတ်ရန် ထိုစဉ်အခါက ဗာတီကန်၏ အတွင်းရေးမှူးက လမ်းညွှန်ခဲ့သည်။ ထိုတတိယလျှို့၀ှက်ချက်၌ သင်္ကန်းအဖြူ ရုံထားသော ဆရာတော်တစ်ပါးသည် စစ်သားတစ်ဖွဲ့၏ ပစ်ခတ်ခြင်းကို ခံရပြီး ကျည်ဆံမှန်မည် ဖြစ်သည်ဟု ထုတ်ဖော်ခဲ့သည်။ ဤတတိယလျှို့၀ှက်ချက်ကို (မေ၊ ၁၃၊ ၁၉၈၁) စိန့်ပီတာရင်ပြင်၌ ရဟန်းမင်းကြီး သေနတ်ဖြင့် ပစ်ခံရသည့် အဖြစ်အပျက်နှင့် ယှဉ်ပြောကြသည်။ ဖာတီမာမယ်တော်၏ ကိုယ်ထင်ရှားပြခြင်းကို (၁၉၃၀တွင် စစ်မှန်ကြောင်း တစ်ကမ္ဘာလုံးသို့ ထုတ်ပြန်ကြေငြာခဲ့သည်။ ထို့နောက် တစ်ကမ္ဘလုံးနှင့် ဆိုင်သောပွဲတော်အဖြစ် (၂၀၀၂ခုနှစ်တွင် အတည်ပြု ပေးခဲ့သည်။

ဖာတီမာ၏ သတင်းစကားသည် ရိုးရှင်းသည်။ ဆုတောင်းရန် ဖြစ်သည်။ စစ္စတာရ်လူစီးယာ ထုတ်ဖော်ပြောခဲ့ သကဲ့သို့ပင် ရဟန်းမင်းကြီး စိန့်ဂျွန်ပေါလ် (သည် ကမ္ဘာကြီးအား အမိမယ်တော်၏ အပြစ်မဲ့သောနှလုံးတော်သို့ (၁၉၈၄၊ မေလ၊ ၂၅ရက်နေ့တွင် အပ်နှံပူဇော်ခဲ့သည်။ တတိယ လျှို့၀ှက်ချက်ကို (ဇွန်လ၊ ၂၆၊ ၂၀၀၀ခုနှစ်တွင် ထုတ်ဖော်ခဲ့သည်။

#Fr.ကလေးမင်း(အားတယ်) (ဘာသာပြန်)

 

 

 

ရဟႏာၱ