၁၈၇၈၊ မတ်လ (၁၂)ရက်နေ့တွင် အီတလီနိုင်ငံ တူကန်ရွာ၌ မွေးဖွားသည်။ ဒုက္ခစရိယာအား သက်သေခံသော ရဟန္တာမအဖြစ် ထင်ရှားသည်။ သူ့ဖခင်သည် ဓါတုဗေဒဆရာကြီး ဖြစ်သည်။ မိခင်သည် သန့်ရှင်းကောင်းမြတ်သော ပါရမီနှင့်ပြည့်စုံသည့် မိန်းမဖြစ်သည်။ ထို့ကြောင့် အိမ်တွင်း မိသားစုဘဝမှစ၍ ဒုက္ခစရိယာ ကျင့်ခံခြင်းအား သဘောပေါက် နားလည်ခဲ့သည်။ မွေးချင်း (၈)ယောက် ရှိသည့်အနက် (၄)ယောက်မြောက်ဖြစ်သည်။ အသက်(၈)နှစ် အရွယ်တွင် ကိုယ်တော်မြတ် ပင့်ယူခဲ့သည်။ သူ၏ခံစားချက်သည် ဘုရားသခင်နှင့် ပိုမိုနီးကပ်လေ့ရှိသည်။ ဝိညာဉ်ကောင်းမွန်စေရေး အတွက်သာ အမြဲကြိုးစားသည်။
ဂျေမာသည် ငြိမ်သက်စွာ တစ်ယောက်ထဲ နေခြင်းအား နှစ်သက်သည်။ သူ့ဘဝ၌ မိန်းကလေးများ ခံစားရသော ဒုက္ခဝေဒနာမျိုးစုံ ကြုံခဲ့ရသည်။ ၁၈၉၄-ခုနှစ်တွင် ကျောင်းပညာ သင်ခြင်းအားရပ်ရန် ကျန်းမာရေးအတွက် ဆရာဝန်၏ တားဆီးခံရသည်။ သို့သော် မမျှော်လင့်ဘဲလျှက် တစ်နေ့ ကိုယ်တော်မြတ် ပင့်ယူပြီး ခရစ်တော်သခင် ပြောသည်မှာ ဒုက္ခဝေဒနာ သင်ခံရခြင်းသည် ကာလ်ဝါရီတောင်ကုန်းအား မျှော်လင့်သတိရပါဟု ဆို၏။ သူမသည် သန့်ရှင်းဖြူစင်ခြင်းအား ကတိပေးသည်။ ၁၈၉၉-ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရှင်မာဂရက် မေရီနော်ဗီနာ၌ ပါဝင်ခဲ့သည်။ ရှင်ကာတရီအယ် ပေါ်လာထင်ရှားပြ၍ နော်ဗီနာကို သူမနှင့်အတူလုပ်ရန် ကတိခံစေသည်။ ညတိုင်း အမြဲဆုတောင်းခဲ့ရသည်။ အာပတ်ဖြေ၊ ကိုယ်တော်မြတ်ပင့်၍ မကြာခင် ရောဂါပျောက်ကင်းပြီး ကျန်းမာလာပါသည်။ သူမကတိပေးသည့်အတိုင်း စစ္စတာရ်ဖြစ်ရန် ချက်ချင်း ဆုံးဖြတ်သော်လည်း ကျန်းမာရေးမှာ သိပ်မကောင်းသေးချေ။
၁၈၉၉-ခုနှစ် ရွှေနှလုံးတော် ဘုရားပွဲ အဖိတ်နေ့ညတွင် ဂျေမာသည် ဒဏ်ရာတော် ငါးချက်အားရသည်။ ကြာသပတေးနေ့ညပိုင်းမှ သောကြာနေ့ နေ့လည်ပိုင်းအထိ အမြဲ ဒဏ်ရာတော် ပြန်ပေါ်လာသည်။ ဒုက္ခစရိယာဆိုင်ရာ ဘုန်းတော်ကြီးများက သူမအား လေ့လာသုံးသပ်ကြသည်။ ကိုယ်စောင့်သိကြားများ၏ ထင်ရှားပြခြင်းနှင့် ကြိုတင်ဟောနိုင်သော သဘာဝပညာများ ရရှိသည်။ သူမ၏ သန့်ရှင်းဖြူစင်ခြင်း ပါရမီသည် ကျော်ကြားလာသည်။ သူမ၏ ဆုတောင်းပေးခြင်းအားဖြင့် ကျေးဇူးတော်များ ရရှိကြသည်။ ၁၉၀၃ ခုနှစ်တွင် အပြစ်ရှိသူများ အထူးသဖြင့် အပြစ်၌နစ်မွန်းနေသော ရဟန်းဘုန်းတော်ကြီးများအတွက် ပူဇော်ရင်း သေဆုံးသွားသည်။ ၁၉၄၀ ခုနှစ်၊ ကောင်းကင်ဘုံသို့ တက်တော်မူသောပွဲနေ့၌ ပုပ်ရဟန်းမင်းကြီး ပီအူးစ်(၁၂)က ရဟန္တာအဖြစ် တင်မြောက်သည်။
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)