Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#14 May 2021 #St. Matthias (Apostles) #စိန့်မာတီးယား (တမန်တော်) #စိန့်ဖရန်စစ်ဇေးဗီးယားဘရာသာရ်များ (Press) Posted by M Sulatthtwe

စိန့်မာတီးယားသည် သခင်ခရစ်တော် ဆေးကြောခြင်းခံသည့် နေ့မှစ၍ ကောင်းကင်ဘုံသို့ တက်ကြွတော်မူသည့်တိုင်အောင် သခင်ခရစ်တော်၏ တပည့်တစ်ဦး ဖြစ်ခဲ့သည်။ သူသည် သခင်ခရစ်တော် ဒေသစာရီ လှည့်လည်စဉ်အတွင်း ဧဝံဂေလိတရားကို ဟောပြောသက်သေခံရန် စေလွှတ်ခြင်း ခံရသော တပည့် ၇၂ယောက်ထဲတွင် တစ်ယောက်အပါအဝင် ဖြစ်ဟန်တူသည်။ သန့်ရှင်းသောဝိညာဉ်တော် ဆင်းကြွတော်မူသောနေ့ မတိုင်မီတွင် တစ်ဆယ့်တစ်ယောက်သော တပည့်ကြီးတို့နှင့် အခြားသော တပည့်များသည် ဆုတောင်းမေတ္တာပြုပြီး စုဝေးနေကြစဉ် သံပေတရူးသည် ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်း အကြောင်းကို ဟောပြောသက်သေခံသူ တစ်ယောက်ဖြစ်လာရန် ယုဒ၏နေရာ၌ တမန်တော်တစ်ပါးကို အစားထိုးရွေးချယ် ခန့်အပ်ရန် လိုအပ်မှုကို ကြေငြာခဲ့သည်။ (တမန်တော်ဝတ္တု ၁း၂၁) မာတီးယားနှင့် ဗာရာဘနှစ်ဦးတို့သည် လျာထားခြင်းခံရပြီး မာတီးယားအား မဲချခြင်းအားဖြင့် အရွေးချယ်ခံခဲ့ရသည်။ ထိုသို့ရွေးချယ်ခြင်းသည် အီဇရာအဲလ်လူမျိုး ၁၂မျိုးကို ကိုယ်စားပြုလေသည်။

သန့်ရှင်းသောဝိညာဉ်တော်ကို ခံယူပြီး သံမာတီးယားသည် ဧဝံဂေလိတရားကို ယူဒေယာနယ်မှ ကယ်စပီယန် ပင်လယ်တိုင်အောင် ဟောပြောလေသည်။ သူသာသနာပြုခဲ့သော ရိုင်းစိုင်းသောသူများ၏ ညှင်းပန်းနှိပ်စက်ခြင်း၊ မတရားပြုခြင်းများကို ခံထမ်းပြီး ကိုလ်ချိစ်တွင် တရားတော်အတွက် အသေခံခဲ့သည်။ သူ၏ခန္ဓာကိုယ် ဂျေရုဇလင်တွင် အချိန်အတော်ကြာ ထားရှိခဲ့သည်။ ထို့နောက် သံတာဟယ်လင်မှ ရောမားမြို့သို့ ပြောင်းရွေ့ခဲ့သည်။

#စိန့်ဖရန်စစ်ဇေးဗီးယားဘရာသာရ်များ (Press)

ရဟႏာၱ