ဘုရင်ဒေရှား၏ ညှဉ်းပန်းနှိပ်စက်သောအချိန်မှာ လမ်းပန်မြို့၊ အာရှမိုင်းနား၌ ခရစ်ယာန်များ သွေးချောင်းစီးခဲ့ရသည်။ ခရစ်တော်၏ နာမတော်အားဖြင့် ရှင်ပီတာသည် သေခြင်းကို ပထမရင်ဆိုင်ရသည်။ လူငယ်လူရွယ် ဖြစ်သော်လည်း ပျော်ရွှင်စွာ ဒုက္ခခံ၍ အသတ်ခံခဲ့သည်။ သံဘီးလုံးကြီးဖြင့် သံကြိုးချည်၍ ကြိတ်ခြင်းခံရ၍ အရိုးများ ကျိုးပဲ့သော်လည်း ကောင်းကင်သို့ကြည့်၍ ကျေးဇူးတင် ချီးမွမ်းသည်။ ယေဇူးကိုယ်တော်က ဒုက္ခခံခြင်းဖြင့် အောင်မြင်ခြင်း သရဖူဆောင်းစေ၍ ကျေးဇူးတင်ကြောင်း ပြုံးရွှင်စွာ ပြောသည့်အတွက် နိုင်ငံခြားဝန်ကြီးက ခေါင်းဖြတ်စေသည်။
၎င်းမြို့၌ ဒီအိုနီရှားသည် ဘုရားသခင် ကျေးဇူးတော်ခံရသည်။ တမန်တော်များ မဆွတ်ခူးနိုင်သော အောင်မြင်ခြင်းကို ဘုရားသခင်က ချီးမြှင့်တော်မူသည်။ သမိုင်းရာဇဝင်မှာ ဒုက္ခခံမည့်အစား ခရစ်တော်ကို စွန့်ပယ်သူ အများကြီး ရှိခဲ့ကြသည်။ ငါ ခရစ်တော်အား မယုံကြည်ဘူးဆိုပြီး အော်ဟစ်သူရှိသည်။ ဆင်းတုရုပ်တုသာ ကိုးကွယ်မည်ဟု ပြောဆိုသူတစ်ယောက်သည် မကြာခင် နတ်ဆိုးဖမ်းစားခြင်း ခံရသည်။
“အို အလွန်ယုတ်ညံ့သူ ဘာကြောင့် ခဏခံရမည့် ဒုက္ခဝေဒနာအား မပေးဆပ်ဘဲ ထာဝရဒုက္ခကို ရွေးချယ်သလဲ၊ နောင်တယူပါ” ဟု စိန့်ဒီအိုနီရှားက ပြောဆိုဆုံးမသည်။ သူမအား မကြာခင် ကြောက်မက်ဖွယ်ကောင်းသော ကာမကျူးလွန်ရန် ခေါ်သွားကြသည်။ သို့သော် ကိုယ်စောင့်သိကြားများက ကာကွယ်ပေးသည့်အတွက် လွတ်မြောက်သွားသည်။ အကျဉ်းထောင်မှ လွတ်မြောက်သွားသည့်အတွက် ခရစ်တော်အား ပိုမိုယုံကြည်အားကိုးလာသည်။ ခရစ်တော်၌ ယုံကြည်ခြင်း ခိုင်မားလာသည့်အတွက် အသေခံရန် မိမိကိုယ်ကို အပ်နှံခဲ့သည်။ လောက၌ ခန္ဓာကိုယ်သေသော်လည်း ကောင်းကင်ဘုံ၌ အသက်ရှင်မည်အကြောင်း ပြောကြားခဲ့သည်။ သန့်ရှင်းဖြူစင်သူများ၏ သခင်ဘုရား သားတော် ခရစ်တော်၌ အသက်ရှင်ရန် အသေခံခဲ့သည်။
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)