အင်္ဂလန်ပြည်၊ ကင်မြို့ဇာတိဖြစ်သည်။ အသက် (၁၂)နှစ်အရွယ်ကစပြီး ပြောင်လှောင်ပြီး နာမည်အား စီမွန်စတော့ဟု ခေါ်ကြသည်။ အသက် (၁၂)အရွယ်မှစပြီး ကြီးပြင်းလာသည့် ဝက်သစ်ချပင်ခေါင်းထဲမှာ အသက် (၆၃)နှစ်အထိ နေခဲ့သည်။ သူသည် တရားဒေသနာတော်အား လှည့်လည်ဟောကြားသူဟု နာမည်ကျော်ကြားခဲ့သည်။ ၁၂၄၀-ခုနှစ်၌ ကာမေလိုက်ဘော်ဒါကို ဆက်သွယ်၍ အင်္ဂလန်ပြည်ကိုလည်း မိတ်ဆက်ပေးသည်။ ၁၂၄၇-ခုနှစ်၌ အသင်းဂိုဏ်း၏ အကြီးအကဲအဖြစ် ရွေးချယ်ခံရသည်။ အသက်အရွယ် ကြီးရင့်သော်လည်း သာသနာလုပ်ငန်း၌ အောင်မြင်မှုရရှိသည်။ ကာမေလိုက်အသင်းဂိုဏ်းအတွက် လူငယ်သင်တန်းကျောင်းများ ဖွင့်လှစ်နိုင်သည်။ တက္ကသိုလ်ကျောင်းဖြစ်သည့် ကမ်ဘရစ်ကျောင်း၊ အော့စ်စဖော့ တက္ကသိုလ်ကျောင်းများအား ပဲရစ်နှင့် ဘိုလိုနာ၌ ဖွင့်လှစ်ကြသည်။ ၎င်းကျောင်းများသည် နာမည်ကျော်ကြားခဲ့သည်။ ၁၆.၇.၁၂၅၁-ခုနှစ်တွင် မယ်တော်သခင်မသည် စိန့်စီမွန်စတော့၌ ထင်ရှားပြ၍ အညိုရောင် စကာပြူလာအား ပြခဲ့သည်ဟု ရှေးကာမလိုက်အသင်းဂိုဏ်း ရာဇဝင်၌ ရေးထားသည်။
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)