ဘိုကန်ဒီဇာတိဖြစ်သည်။ အစ်ကိုဘုန်းတော်ကြီးတစ်ပါးထံမှ လာတင်ဘာသာ၊ ဂရိတ်ဘာသာ၊ အီတလီနှင့် စပိန်ဘာသာ စကားများ သင်ယူခဲ့သည်။ သေရာအုပ်ချုပ်ရေး ငြိမ်းချမ်းပြီး သူမသည် ရွှေနှလုံးတော် မယ်သီလဂိုဏ်းအား တည်ထောင်ခဲ့သည်။ ရွှေနှလုံးတော်အား ဆုတောင်းခြင်း၊ ခြိုးခြံခြင်းနှင့် မိန်းကလေးများအား ပညာရေးမြှင့်တင် ပေးခြင်းအားဖြင့် ပူဇော်ရန်ဖြစ်သည်။ ၁၈၀၀ ခုနှစ်၌ ပထမကတိသစ္စာ ခံယူပွဲ ပြုလုပ်နိုင်ခဲ့ကြသည်။ ၁၈၁၀-ခုနှစ်တွင် အက်မင်းမြို့၌ ပထမကွန်ဗင့်ကျောင်းအား ဖွင့်လှစ်နိုင်ခဲ့ကြသည်။ စိန့်ဆိုဖီယား၏ ပါရမီထူးချွန်မှု၊ ဆုတောင်းခြင်း၌ စိတ်အားထက်သန်မှု၊ ဘုရားသခင်အား အားကိုးယုံကြည်မှုကြောင့် သူမတည်ထောင်သောဂိုဏ်းတွင် အသင်းဂိုဏ်းဥက္ကဌအဖြစ် နှစ်ပေါင်း(၆၀) တာဝန်ထမ်းဆောင်နိုင်ခဲ့သည်။ ကမ္ဘာအနှံ့ ကျောင်းပေါင်း(၁၀၅)ကျောင်းနှင့် စစ္စတာရ်ပေါင်း (၄၀၀၀)ကျော်အား သူမလက်ထက်၌ ဘုရားသခင် ကောင်းကြီးခံရသည်။ ဘော်ဒါကျောင်းများ၊ နေ့စာသင်ကျောင်းများ၊ ကမ္ဗဌာန်းဗဟိုကျောင်းများ၊ မိန်းကလေးများ၊ ဘဝသစ်မွမ်းမံသည့်ကျောင်းများ၊ ဆရာအတတ်သင်ကျောင်းများနှင့် သီလရှင်လောင်း သင်တန်းကျောင်းများအား ဖွင့်လှစ်သင်ကြားပေးကြသည်။
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)