သူသည် တောင်သူလယ်သမားသား ဖြစ်သည်။ ပင်တီကော့စ်ပွဲနေ့၌ နာမည်နှင့် လိုက်အောင် မွေးဖွားသည်။ စပိန်ပြည်၌ မွေးသည်။ သူ၏နာမည်သည် စပိန်စကားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်ဟု အဓိပ္ပါယ်ရသည်။ ငယ်ရွယ်စဉ်ကတည်းက ကိုယ်တော်မြတ်အား သဒ္ဓါကြည်ညိုအားကိုးသည်။ ဖရန်စစ်ကင် ရသေ့ဂိုဏ်းသို့ဝင်ပြီး (၂၂)နှစ်အတွင်း ကောင်းမွန်စွာ လုပ်ကိုင်ခဲ့သည်။ စပိန်ပြည်၌ တမန်ဘရာသာရ်ဂိုဏ်း တည်ထောင်၍ ရသေ့ကျောင်း၌ တံခါးစောင့်စေသည်။ ဆင်းရဲသားများအတွက် အထောက်အကူဖြစ်သည့် လုပ်ငန်းများ ဖန်တီးလုပ်ဆောင်ပေးသည်။ ကိုယ်တော်မြတ် စက္ကမင်တူးရှေ့၌ အချိန်များစွာ ကုန်စေသည်။ ၎င်းမှရရှိသော စစ်မှန်သည့် ဘာသာတရားအား ဝေငှလေ့ကျင့်ခဲ့သည်။ အခြေခံပညာရေး ကောင်းမွန်စွာ မရရှိသော်လည်း ဝိညာဉ်ရေး၌ သန့်ရှင်းဖြူစင် ကောင်းမွန်သည်။ ဆင်းရဲခြင်းပါရမီ ကျင့်ဆောက်တည်ပြီး ခြေလျင်ခရီးအား ကျင့်သုံးခဲ့သည်။ ၁၅၇၀-ခုနှစ်၌ ကိုယ်တော်မြတ် စက္ကမင်တူးသည် စစ်မှန်သောဘုရားဖြစ်ကြောင်း ဟောကြားခဲ့သည်။ ကာလ်ဗီနစ်အသင်းကွဲများ၏ ပုတ်ခတ်ပြောဆိုမှုအား ပြန်လည်ချေပ ဟောပြောခဲ့သည်။ ထို့ကြောင့် အစိုးရမဟုတ်သည့် သောင်းကျန်းသူများက သူ့အား ချုပ်နှောင်ဖမ်းဆီးခဲ့ဖူးသည်။ ၎င်းအကြောင်းကြောင့် သူ့အား ကိုယ်တော်မြတ်အား သဒ္ဓါကြည်ညိုသူပုဂ္ဂိုလ်အဖြစ် ထင်ရှားသောဘွဲ့နာမ ပေးကြသည်။
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)