Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#18 May 2021 #St.Felix of Cantalice, စိန့်ဖီးလစ် (ကန်တာလစ်) (1515 – 1587) #Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်) Posted by M Sulatthtwe

သူသည် အသက် (၃၀)အရွယ်တွင် ကန်ပူချင်အော်ဒါ (Lay) ဘရာသာရ် ဝင်ခဲ့သည်။ ၁၅၄၇-ခုနှစ်တွင် သူသေဆုံးသည့်နှစ်(၄၀)အထိ ရောမမြို့၌ သီတင်းသုံးတော်မူ၍ အသင်းဂိုဏ်းများအတွက် အလှူဒါနများ တောင်းခံပေးသည်။ သူ့အား “DEO GRATIAS” ဟု နာမည်ပေးကြသည်။ အကြောင်းမှာ လက်ဆောင်များ၊ အလှူဒါနများ လက်ခံရရှိပါက “Deo Gratias” ဘုရားသခင်အား ကျေးဇူးတင် ချီးမွမ်းပါသည်ဟု အမြဲပြောဆိုလေ့ ရှိသည်။ ဘရာသာရ် ဒေအိုဂရာစီယားစ်ဟု နာမည်ရသည်။

သူသည် သန့်ရှင်းဖြူစင်ခြင်းနှင့် ဝိညာဉ်ခွန်အား တိုးတက်ရန် အမြဲကြိုးစားသူ ဖြစ်သည်။ စိန့်ချာလ်(စ်)ဘရူမေအို၊ မီလန်ဂိုဏ်းချုပ် ဆရာတော်ကြီးက တစ်နေ့ စိန့်ဖိလစ်နေရီအား ဘာသာရေးဆိုင်ရာ ဝိနည်းဥပဒေ ရေးဆွဲခိုင်းရာ စိန့်ဖေးလစ်က အကြံပေး ကူညီရေးဆွဲပေးသည်။ ဓမ္မသင်္ဂြိုလ်ပညာရပ်၌ ကျွမ်းကျင်သူဖြစ်သည်။

စိန့်ဖေးလစ်သည် လူတစ်ဦး၏ အတွင်းစိတ်ဝိညာဉ်အား သိနားလည်နိုင်စွမ်း ကျေးဇူးတော် ရရှိသည်။ လူ့မျက်နှာကို မထောက်ဘဲ လမ်းပေါ်သော်လည်းကောင်း၊ တွေ့သည့်နေရာတိုင်း၌ မတရားစီရင်ခြင်း အမှုများ၊ လူ့သိက္ခာထိပါး ကျဆင်းစေသော ဆက်ဆံပြုမူခြင်းများအား ရပ်တန့်စေ၍ လူ့ဘဝအား ပြန်လည်ပြုပြင် ပြောင်းလဲစေတတ်သည်။ နောင်တယူ၍ မိမိတို့၏အပြစ်အမှားများအား ဖွင့်ဟသောအခါ စိန့်ဖိလစ်နှင့် စိန့်ဖေးလစ်တို့သည် ဝမ်းနည်းကြေကွဲလေ့ရှိသည်။ တစ်နှစ်တစ်ခါ ကာပူချင်ရသေ့များသည် ခရစ်တော်၏ ဒုက္ခစရိယာအား သက်သေခံ၍ စီတန်းလှည့်လည်လေ့ရှိသည်။ မိမိတို့၏ သင်္ကန်းကော်လာ (လည်ပင်း) သည် ပတ်လည်၌ ထူ၍ကျယ်သည်။ အဘယ့်ကြောင့်ဆိုသော် ခရစ်တော်သည် ပီလာတူးရုံးသို့ ခေါ်သွားကြ၍ စစ်ဆေးခြင်းအား ကိုယ်စားပြုသည်။ ၎င်းစီတန်းလှည့်လည်ပွဲရောက်တိုင်း Fralupo က ခရစ်တော်၏ ဒုက္ခစရိယာအား ဟောပြောသွန်သင်ကြသည်။

စိန့်ဖေးလစ်သည် အပြစ်တရား၏ မကောင်းဆိုးရွားခြင်းနှင့် အကောင်းကိုသာ အာရုံစိုက်စေသည့် သီချင်းအားနှစ်သက်၍ ကလေးသူငယ်များအား သွန်သင်လေ့ရှိသည်။ လူကြီးများအား ဝိညာဉ်အင်အား တောင့်တင်း မှန်ကန်ခြင်းအား သင်ပြသည်။ သူသည် ဝိညာဉ်ရေးရာ၌ ပျော်ရွှင်စွာ ရိုးသားထင်ရှား၍ ကာပူချင် ရသေ့ကျင့်စဉ်အား နှိမ့်ချစွာ ကျင့်သုံးသည်။

#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)

ရဟႏာၱ