ပုပ်ရဟန်းမင်း ပထမမြောက်သံယောဟန်သည် အီတလီပြည် တုစ်ကားနီ (Tuscany)မြို့တွင် မွေးဖွားခဲ့သည်။ အသက်ငယ်ငယ်ရွယ်ရွယ်၌ပင် ရောမားသံဃာတော်ဘဝသို့ ဝင်ရောက်ခဲ့သည်။ သက္ကရာဇ် ၅၂၃-ခုနှစ်တွင် ဦးပဉ္စင်းကြီးဘဝ၌ပင် ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးချယ်တင်မြောက်ခြင်း ခံခဲ့ရသည်။ ထို့နောက် များမကြာမီတွင် အီတလီ၏ဘုရင် သီအိုဒိုရစ်ခ် (Theodoric)၏ သံအမတ်ကြီးအဖြစ် ကွန်စတန်တီနိုပယ် (Constantinople) အင်ပါယာ ဂျက်စတင်းဆီသို့ အလည်အပတ် သွားရောက်ခဲ့သည်။ ဘုရင်သည် သူ၏နောက်လိုက် အာယီးယန်းများကို ခွဲခြားဆက်ဆံမှုမှ ကာကွယ်ပေးရန် ဆန္ဒရှိခဲ့သည်။ ကွန်စတန်ဒီနိုပယ်ရှိ လူများသည် ပုပ်အား စိတ်အားထက်သန်မှုနှင့် ကြိုဆိုနှုတ်ဆက်ကြသည်။ ရဟန်းမင်းကြီးသည် အီတလီရှိ ခရစ်ယာန်များကို လက်စားချေခြင်းအား ရှောင်ရှားစေရန် အလို့ငှါ ဒိဌိဆန်သော အင်ပါယာ၏ အပြုအမှုများကို လျော့ပါးစေရန် အင်ပါယာအား တိုက်တွန်း ဖျောင်းဖျခဲ့သည်။ သို့သော်လည်း သံတမန်ရေးရာရလာဒ်၌ သီအိုဒိုရစ် မကျေမနပ်ဖြစ်ကာ ပုပ်အပေါ်၌ သံသယစိတ် ရှိလာခဲ့သည်။ သက္ကရာဇ် ၅၂၆-ခုနှစ်တွင် သူပြန်လာသောအခါ ရာဗန်နာ (Ravenna)ရှိ အကျဉ်းထောင်တွင် အချခံရသည်။ ညှင်းပန်းနှိပ်စက်မှုများကြောင့် ရက်အနည်းငယ်အကြာတွင် ထိုထောင်ထဲ၌ပင် ပျံလွန်တော်မူခဲ့သည်။
#စိန့်ဖရန်စစ်ဇေးဗီးယားဘရာသာရ်များ (Press)