မိုရိုနေမှ ပီတာသည် ကြမ်းတမ်းခက်ခဲလှသော တောင်ပိုင်းအီတလီတောင်ကုန်း ဘေနဒစ်တင်ရသေ့ကျောင်း၌ သီတင်းသုံးနေစဉ် တစ်နေ့ ၁၂၉၄-ခုနှစ်မှာ အသင်းတော် လူကြီးသုံးဦးနှင့် ရသေ့မြောက်မြားစွာ လာရောက်လည်ပတ်ကြသည်။ သင်သည် အသင်းတော်တစ်ခုလုံးအား ထိန်းသိမ်းရန် ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးကောက်ကြောင်း ကြေညာကြသည်။ ဘုရားမျက်နှာထောက်၍ နာခံလက်ခံ၍ ဘုရင်ချားလ်(စ်)-၂ (နီပါလ်)နှင့် ချားလ်(စ်) မာတောလ် (ဟန်ဂေရီ)တို့ အပါအဝင် အာကွေလာမြို့သို့ မြည်းစီး၍ ဝင်လာကြသည်။
ဤကဲ့သို့ နိုင်ငံရေး မငြိမ်မသက်ဖြစ်သည့်ကာလ အသက်(၇၉)နှစ်၊ ရသေ့အိုကြီးသည် ပုပ်ရဟန်းမင်းကြီး ဖြစ်လာသည်။ ပုပ်ရဟန်းမင်းကြီး ဆေလက်စတင်း(၅)သည် နယ်ပါလ်မြို့၌ နေထိုင်ရန် ဆန္ဒရှိသည်။ ရဟန်းအမတ် (ကာဒီနယ်) ၁၃-ပါး တင်းမြောက်ရန်ဖြစ်သည်။ သူ့အားနည်းချက် ရိုးသားလွန်းခြင်းကြောင့် ပြိုင်ဆိုင်မှုလည်း ပေါ်လာလေ့ရှိသည်။
(၅)လခန့် အုပ်ချုပ်ပြီး သူ၏လောကုတ္တရာရေးရာ၌ မကျွမ်းကျင်ခြင်းကြောင့် ဘုရားတရား၌သာ မွေ့လျော်လိုသည့်အတွက် နှုတ်ထွက်အနားယူလိုက်သည်။ သို့သော် သူ့အား ဆက်ခံသူ ပုပ်ရဟန်းမင်းကြီး ဘောနစ်ဖက် (၈)က နိုင်ငံရေးပယောဂမရှိစေရန် သူနှင့်နီးကပ်စွာ ခဏနေထိုင်စေသည်။ စိန့်ပီတာ ဆေလက်စတင်းသည် အစာရှောင်၍ ဆုတောင်းရင်း (၅)လ၌ ပျံလွန်တော်မူသည်။
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)