ရဟန္တာများဟု ပြောလိုက်သည်နှင့် ကျွန်ုပ်တို့အား မေ့မရသော၊ အံ့အားသင့်သွားစေသော၊ ထူးခြားသည့် အသက်တာ၊ လုပ်ရပ်များသာ ချန်ထားခဲ့သောသူများဟု မှတ်ထင်နေပါလျင်၊ ကော်ရ်တေမြို့မှ ရှင်သီအိုဖီးလုစ်၏ အသက်တာသည်၊ ကျွန်ုပ်တို့၏ မျှော်လင့်ချက်ကို အတော်စိတ်ပျက်သွားစေမည် ဖြစ်ပါသည်။ လူတစ်ဦး၌ ကိန်းဝပ်ဝှက်ကွယ်နေသော၊ ဘုရားသခင်၏နက်နဲသည့် ကျေးဇူးတော်သည် သူပိုင်ဆိုင်သော အရည်အသွေး၊ အလှအပများ အားလုံးထက် ပို၍လှပပါသည်။ ယနေ့ပွဲနေ့ရှင်အား (အောက်တိုဘာလ၊ ၃၀ ရက်၊ ၁၆၇၆) ခုနှစ်တွင်၊ အီတလီနိုင်ငံ၊ ကော်ရ်ဆီကာတွင် ချမ်းသာကြွယ်ဝပြီး၊ ဂုဏ်သရေရှိသော မိသားစုတစ်စုမှ မွေးဖွားသန့်စင်ခဲ့သည်။ ငယ်ရွယ်စဉ်၌ သူသည် ဖရန်စစ်ကင်တစ်ပါး ဖြစ်လာရန် ကြိုစားခဲ့သော်လည်း နောက်ပိုင်း၌ သူသည် တစ်ဦးတည်း ကျင့်ကြံအားထုတ်ခြင်း၊ ဆုတောင်းခြင်း ကျင့်စဉ်များကို ပို၍စိတ်အားထက်သန်သည်ကို သိလိုက်ရသည်။ ထို့ကြောင့် သင်ကြားရသော စာများကို သင်ကြားပြီး၊ ဆူဘီအားကိုရှိ ဥပုသ်သီလစောင့်တည်ရန် ဆောက်လုပ်ထားသော အဆောက်အဦးတွင် အမူတော် ထမ်းခဲ့သည်။ ထိုနေရာ၌ သီတင်းသုံးနေစဉ် ဖရန်စစ်ကန်များ၏ ပြင်းထန်သော ဝိညာဉ်ရေးကျင့်စဉ်များကို နှစ်ခြိုက်မိ၍ သူသည်လည်း အဆိုပါ အဆောင်မျိုးကို ကော်ရ်ဆီကာနှင့် တူစကန္နီ ဒေသများတွင်လည်း တည်ဆောက် ဖွင့်လှစ်ခဲ့သည်။ နှစ်ကြာလာသည်နှင့်အမျှ သူ၏အဟောအပြော ထိမိခြင်းနှင့် သာသနာပြုစိတ်ဓာတ် ပြင်းထန်လွန်းခြင်းသည် သူ့အား လူများ တစ်စတစ်စ သိလာခဲ့ကြသည်။ သူသည် ကျန်းမာရေး ချူချာသော်လည်း၊ အာပြစ်ဖြေ လျှောက်လိုသော ဘုရားသခင်၏ သားသမီးများ၏ လိုအပ်ချက်များ ဖြစ်သော ဆုတောင်းပေးခြင်း၊ အာပတ်ဖြေ နားထောင်ပေးခြင်းတို့ကို တတ်အားသရွေ့ လုပ်ဆောင်ပေးခဲ့သည်။ အလုပ်အလွန် ပင်ပန်းသောကြောင့် သူသည် (ဇွန်လ၊ ၁၇၊ ၁၇၄၀) ခုနှစ်တွင် ပျံလွန်သွားပြီး၊ (၁၉၃၀) မှ ရဟန္တာအဖြစ် တင်မြောက်ပေး ခံခဲ့ရပါသည်။ ရဟန္တာတစ်ပါးချင်းစီတွင်၊ ဘုရားသခင်၏ ကျေးဇူးတော်ကို ပေါ် လွင်စေသော၊ မတူညီသည့် ထူးခြားချက်များ ရှိကြပါသည်။ အချိန်ကြာမြှင့်လာသည်နှင့်အမျှ ရှင်သီအိုဖီလုစ်သည် သူ၏အသက်တာကို ဘုရားသခင်နှင့် ဘုရားသခင်၏ သားသမီးများအား ပေးဆပ်မှု ပို၍များလာပါသည်။ အကယ်၍ ၎င်းတို့၏ အကျင့်အကြံအတိုင်း အားထုတ်မှု မရှိပါက ရဟန္တာများကို ကြည်ညိုလေးစားမှုသည် မည်သည့်အနှစ်သာရမျှ ရှိမည်မဟုတ်။ ထို့ကြောင့် ၎င်းတို့၏ ကျင့်စဉ်၊ အသက်တာ၊ လုပ်ဆောင်ချက်များကို ကျင့်ကြံ အားထုတ်ရမည် ဖြစ်သည်။
#Fr.ကလေးမင်း(အားတယ်) (ဘာသာပြန်)