Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#21 May 2021 #St.Victor of Marseilles (Martyr), စိန့်ဗစ်တာ (မာဆေးလက်) #Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်) Posted by M Sulatthtwe

ဧကရာဇ်မင်း (Maximian) မက်ဆီမင်းလက်ထက်၌ အသွေးသွန်းလောင်း၍ တရားတော်အတွက် အသေခံသူပြန့်နှံ့သည်။ မာဆေးလက်မြို့သို့ ရောက်လာသည်။ အသင်းတော်လည်း ၎င်းနေရာမှာ ဝင့်ကြွားလှပသောအချိန် ဖြစ်သည်။ တစ်နယ်လုံး ကြောက်စရာနှင့် တုန်လှုပ်စရာဖြစ်သည်။

ဤကဲ့သို့ အခြေအနေ ဆိုက်ရောက်လတွင် တပ်မတော်အမှုထမ်း ခရစ်ယာန်ဘာသာ ယုံကြည်ကိုးကွယ်သူ ဗစ်တာသည် ညမှာ တစ်အိမ်ဝင် တစ်အိမ်ထွက်လုပ်၍ ခရစ်ယာန်များအား နှစ်သိမ့်အားပေးသည်။ သေခြင်းတရားသည် ခဏသာခံရမည်။ ထာဝရအသက်ရှင်ခြင်း ရကြလိမ့်မည်။ သူ့ကို ဖမ်းချုပ်၍ ရှင်ဘုရင်၊ မင်းသားအား ရှိခိုးကိုးကွယ်ရန် သွေးဆောင်ကြသော်လည်း သူသည် လုံးဝလက်မခံပါ။ အပြစ်ငရဲမှ ကယ်နှုတ်သူ ယေဇူးခရစ်တော်ကိုသာ သစ္စာရှိရန်နှင့် ရှိခိုးကိုးကွယ်ရန်သာ ဖြစ်သည်ဟု ပြန်ဖြေကြားသည်။

တရားရုံးတော်တစ်ခုလုံး ကြားနာသူတိုင်း အံ့ဩကြသည်။ ဗစ်တာ၏ ခြေလက်တို့ကို ကြိုးနှင့်ချည်နှောင်၍ လမ်းမကြီး မြို့လယ်ခေါင်၌ ဒရွတ်တိုက် ဆွဲသွားကြသည်။ ထို့နောက် ကွပ်ကဲသူအကြီးအကဲထံ ခေါ်သွားကြပြီး ယေဇူးအား ငြင်းပယ်၍ သူတို့ဘုရားအား ကိုးကွယ်ရန် တိုက်တွန်းကြသည်။ စိန့်ဗစ်တာသည် ခံရသောဒုက္ခအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်ဘုရားနှင့် ပြည့်ဝ၍ ဧကရာဇ်မင်းကြီးနှင့် သင်တို့၏ ဘုရားများအား ရိုသေပါသည်။ သို့သော် “မကိုးကွယ်နိုင်ဘူး” ဟု ငြင်းပယ်လိုက်သည်။

သူ့ကိုစင်ပေးတင်၍ ညှဉ်းပန်းနှိပ်စက်ကြသည်။ အကြီးအကဲက လုံခြုံသော ထောင်တွင်ထည့်ရန် အမိန့်မပေးမချင်း စင်ပေါ်မှာပင် နှိပ်စက်ကြသည်။ ဘုရားသခင်က ထင်ရှားပြ၍ နှစ်သိမ့်အားပေးသည်။ ကောင်းကင်မှ အလင်းတစ်ခု ဖြာထွက်သောကြောင့် ထောင်စောင့်စစ်သားများသည် ကြောက်ရွံ့၍ ဗစ်တာရှေ့မှာ ဒူးထောက်တောင်းပန်ပြီး ဆေးကြောခြင်း မင်္ဂလာခံယူရန် အလိုရှိကြောင်း ထုတ်ဖော် အသနားခံကြသည်။ ဗစ်တာသည် ၎င်းတို့အား ပင်လယ်ကမ်းခြေသို့ ခေါ်ဆောင်ပြီး ဆေးကြောခြင်း မင်္ဂလာပေးကာ ထောင်ထဲသို့ ပြန်ဝင်လာကြသည်။

နောက်နေ့နံနက်တွင် ဧကရာဇ်မင်း (Maximian) အား အကျဉ်းထောင် စစ်သားများ ခရစ်ယာန်ဘာသာထဲသို့ ယုံကြည်၍ ဝင်ကြကြောင်း သတင်းပို့ကြသည်။ ဧကရာဇ်မင်းထံသို့ ခေါ်သွားကြသည်။ ခရစ်တော်ယေဇူးအား သက်သေခံကြသောကြောင့် ခေါင်းဖြတ် အသတ်ခံကြသည်။ ဗစ်တာအား အလုံခန်းငယ်မှထုတ်၍ ညှဉ်းဆဲကြပြီးမှ အခန်းငယ်သို့ ပြန်ထည့်သည်။ (၃)ရက် ကြာသောအခါ ဧကရာဇ်မင်းထံ ခေါ်ဆောင်ကြပြီး ကြာသပတေးဂြိုလ် (Jupita) ရှေးရောမလူမျိုးများ ဆင်းတုအား လှော်ဗန်အမွေးဖြင့် အပ်နှံပူဇော်ရန် တောင်းဆိုကြသည်။ ဗစ်တာသည် ကြာသပတေးဂြိုလ် ဆင်းတုရှေ့သွားကာ ခြေထောက်ဖြင့်ကန်၍ ထုတ်ပစ်လိုက်သည်။ ထို့ကြောင့် ဧကရာဇ်မင်းကြီးသည် လွန်စွာစိတ်ဆိုး၍ ဗစ်တာ၏ ခြေထောက်အား ဖြတ်ခိုင်းသည်။ ကိုယ်ခန္ဓာအား ကြိတ်ဆုံဖြင့် အမှုန့်ကြိတ်လိုက်ကြသည်။ ၎င်းဘီးလုံးအား ရပ်စေသောအခါ ခန္ဓာကိုယ် အစိတ်အပိုင်းများသာ ကျန်သည့်တိုင် မသေနိုင်သည့်အတွက် ခေါင်းအား ဖြတ်တောက်ပစ်လိုက်သည်။ ခန္ဓာကိုယ်အစိတ်အပိုင်း အချို့အား ပင်လယ်ထဲသို့ ပစ်ချကြသည်။ တစ်ချို့အစိတ်အပိုင်းအား ကျောက်ဂူထဲတွင် ထည့်ခဲ့ကြသည်။

#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)

ရဟႏာၱ