Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#မေလ (၂၂) ရက် #ယနေ့အမိသာသနာက အမှတ်ရကျင်းပသောပွဲနေ့ရှင် #ကားရှာမြို့မှ စိန့်ရီတာ (မွေး - ၁၃၈၁၊ ပျံလွန် - မေလ ၂၂၊ ၁၄၅၇) #Fr.ကလေးမင်း(အားတယ်) (ဘာသာပြန်) Posted by M Sulatthtwe

ယနေ့ပွဲနေ့ရှင်သည် စိန့်အဲလစ်ဇဘက် အဲန်ဆေတုန် ကဲ့သို့ပင် အိမ်ထောင်ရှင်မ၊ မိခင်၊ မုဆိုးမလည်းဖြစ်ပြီး၊ သူတော်စင် အသင်းတစ်သင်း၏ အသင်း၀င်လည်း ဖြစ်သည်။ သူ၏ သန့်ရှင်းစင်ကြယ်ခြင်းသည် သူ့ဘ၀၏ ဖြတ်သန်းမှုတိုင်း၌ မြင်တွေ့နိုင်သည်။ ပွဲနေ့ရှင်ကို အီတလီနိုင်ငံ အလယ်ပိုင်း ရော့ကာပိုရေးနာ (Roccaporena) ၌ မွေးဖွားခဲ့သည်။ သူ၏အစ မူလရည်ရွယ်ချက်မှာ သူတော်စင် သီလရှင်တစ်ပါးဖြစ်ရန် ဖြစ်သည်။ သို့သော် ခက်ထန်ပြီး၊ ရက်စက်သော အမျိုးသားတစ်ဦးနှင့် ငယ်ငယ်ရွယ်ရွယ် အသက် (၁၈)နှစ်၌ အိမ်ထောင် အတင်းချပေးခြင်းကို ခံခဲ့ရသည်။ သူသည် သားနှစ်ယောက် ထွန်းကားပြီး ပြုစုပျိုးထောင်ခဲ့သည်။ သူ၏အမျိုးသားသည် အထိကရုန်းတစ်ခု၌ ဆုံးပါးခဲ့ပြီး၊ သားများလည်း ဆုံးပါးသွားခဲ့ကြသောအခါ ပွဲနေ့ရှင်သည် ကားရှာမြို့ရှိ စိန့်ဩဂုတ်စတင်း၏ ဝိညာဉ်ရေးလမ်းညွှန်မှုကို ကျင့်ကြံရှင်သန်သော သီလရှင်အဖြစ် ခံယူခဲ့သည်။ သူသည် မုဆိုးမဖြစ်၍ ပထမတစ်ကြိမ် အားထုတ်မှု၌ မအောင်မြင်ခဲ့သော်လည်း နောက်ပိုင်း၌ အောင်မြင်ခဲ့သည်။     

ပွဲနေ့ရှင်၏ ပြင်းထန်လှသောပါရမီ ကျင့်ကြံအားထုတ်မှု၊ ဆုတောင်းခြင်းနှင့် ကရုဏာရေး လုပ်ငန်းများသည် အနှစ်အတော်ကြာ လူပြောမဆုံးအောင် ဖြစ်ခဲ့ရသည်။ များမကြာမီ၌ သူ၏ဦးခေါင်း၌ ဒဏ်ရာများ စွဲထင်လာသည်။ ထိုဒဏ်ရာကို လူများက ယေဇူးသခင် ဆူးသရဖူဆောင်းစဉ်က စွဲထင်ခဲ့သော ဒဏ်ရာတော်များ ဖြစ်သည်ဟု ယုံကြည်ကြသည်။ ထို့အတူ သူသည်လည်း ယေဇူးသခင်၏ ပြင်းထန်သော ဒဏ်ရာတော်ကို မကြာခဏ ဆင်ခြင်ထောက်ရှုလေ့ ရှိသည်။ မကျန်းမာဖြစ်နေသော အဖော်သီလရှင်များကို ပြုစုစောင့်ရှောက်ပေးမှုသည် အလွန်တရာ နှစ်သက်စရာ ကောင်းသည်။ သူသီတင်းသုံးသော ကျောင်းများသို့ ရောက်ရှိလာကာ သူ၏အကြံဉာဏ်များကို တောင်းခံဆွေးနွေး လာသူများကိုလည်း အကြံဉာဏ်ကောင်းများပေးကာ လမ်းညွှန်ပေးလေ့ ရှိသည်။ သူ့အား (၁၆၂၆) ခုနှစ်၌ သူတော်မြတ်အဖြစ် လည်းကောင်း၊ (၁၉၀၀) ခုနှစ်တွင် ရဟန္တာအဖြစ် လည်းကောင်း၊ စိန့်ဂျုဒ်နှင့် အတူတူပင် ရဟန္တာ တင်မြောက်ခဲ့သည်။ သူသည် လုံး၀မျှော်လင့်ချက် ကင်းမဲ့သော သူတို့အား မှိုင်းမသော ရဟန္တာအဖြစ် ဂုဏ်ပြုထားသည်။ နှစ်စဉ် ဘုရားဖူးများစွာ သူ၏အုတ်ဂူရှိရာသို့ လာရောက်ကာ ထပ်ဆင့် ဆုတောင်းပေးခြင်းကို လာရောက် တောင်းခံလျှက် ရှိသည်။

#Fr.ကလေးမင်း(အားတယ်) (ဘာသာပြန်)

 

ရဟႏာၱ