စိန့်မာဟီရီတာ၏ မိဘများသည် အုမ်းဘရီယားရှိ အာပါနီတောင်ကုန်းမှာ တောင်သူလယ်သမားများ ဖြစ်သည်။ သူသည် ခရစ်တော်ယေဇူး သွန်သင်သော ဒေသနာ အထူးသဖြင့် “ဒုက္ခစရိယာခံခြင်း” နှင့် “ကိုယ်နှင့်နီးစပ်သူအား ကိုယ်ရှင်ကဲ့သို့ချစ်ပါ” ဟူသော တရားအား ယုံကြည်သူဖြစ်သည်။ သူ့သမီးများသည် အရွယ်ရောက်လာကြ၍ သူတို့၏ ဆုတောင်းမေတ္တာများလည်း ဘုရားသခင် နားညောင်းတော်မူသည်။ အသက်(၁၈)နှစ် ပြည့်သောအခါ စိန့်ဩဂတ်စတင်း ကွန်ဗင့်ကျောင်းသို့ ဝင်ရန်ဆန္ဒရှိသည်။ ကာစီးယားမြို့ရှိ (Cascia) စိန့်ဩဂတ်စတင်းနီးယားကွန်ဗင့်သို့ ဝင်ချင်သည်။ သို့သော် မိဘများက အိမ်ထောင်ပြုရန် ပိုလိုချင်ကြသည်။ ထို့ကြောင့် မိဘနှစ်ပါးဆန္ဒအရ ဘုရားအလိုတော်ပဲဆိုကာ ပေါလ်ဖါဒီနားနှင့် လက်ထပ်လိုက်သည်။
သူမ၏ယောကျ်ားက ရီတာ၏ ဘုရားတရား ကြည်ညိုခြင်းအား ကဲ့ရဲ့သရော်သည်။ အထူးသဖြင့် အရက်သောက်၍ မူးရူးသောအခါ အနှောင့်အယှက်ပေးကာ ပြောင်လှောင်လေ့ရှိသည်။ ရီတာသည် သား(၂)ယောက်နှင့်အတူ နေ့စဉ်အမြဲ မစ္ဆားတရား နာယူကြသည်။ သူမသည် ဆုတောင်း၍ ခြိုးခြံခြင်းနှင့် လူနာများ၊ ဆင်းရဲသားများအား လည်ပတ်နှစ်သိမ့်ခြင်းအား အမြဲမြတ်နိုးသည်။ နောက်ဆုံး ဘုရားသခင်၏ နှလုံးတော်အား ထိစေ၍ မကြာခင် နှစ်အနည်းငယ်မှာ ဘုရားသခင်က စိန့်ရီတာ၏ ဆုတောင်းသံကို နားညောင်း၍ သူမ၏ယောကျ်ားသည် စိတ်ပြောင်းလဲ၍ မသေခင် နောင်တရခဲ့သည်။ သူ၏အလောင်းကို တောင်ကုန်းတစ်နေရာ၌ တွေ့ရသည်။ ရီတာ၏ ဝမ်းနည်းကြေကွဲခြင်းသည် သူ၏ဝိညာဉ်အတွက် ရည်ရွယ်ပြီး ခြိုးခြံခြင်း လုပ်ပေးသည်။ လူသတ်သမားများအား ခွင့်လွှတ်သည်။ သားနှစ်ယောက်တို့သည် ကြီးပြင်းလာသောအခါ ဖခင်အသတ်ခံရမှု၌ စိတ်ဝင်စား၍ ဆန္ဒပြင်းပြလာကြသည်။ တစ်နှစ်အတွင်း သားနှစ်ယောက် သေဆုံးသွားကြသည်။ သူမသည် ဘုရားသခင် အလိုတော်အတိုင်း ဖြစ်ပါစေဟု မိမိကိုယ်ကို ဘုရားသခင်၌ နှစ်သိမ့်မှုယူသည်။
သူမသည် အသက်(၃၀)ရှိသည်။ သူမသည် ငယ်စဉ်က ဩဂတ်စတင်း ကွန်ဗင့်သို့ ဝင်လိုသော ဆန္ဒရှိခဲ့သည်။ ကာစီးယားအနီးရှိ ဩဂတ်စတင်း ကွန်ဗင့်သို့ဝင်ရန် နှစ်ကြိမ်လွတ်သွားသည်။ စိန့်ရီတာ ဆုတောင်းနေသောအချိန်မှာ သူမကိုးစားသော ရဟန္တာသုံးပါး- စိန့်ဩဂတ်စတင်း၊ စိန့်ဂျွန် ဘတ်တီစ်နှင့် တိုလေတီနိုးမှ စိန့်နီကောလားစ်သည် သူမတံခါးရှေ့၌ရပ်၍ ထင်ရှားပြကြသည်။ သူတို့က စိန့်ရီတာအား ဦးဆောင်ခေါ်သွား၍ ကွန်ဗင့်ကျောင်း ဘုရားကျောင်းရှိ ကိုယ်တော်မြတ် စက္ကမင်တူးရှေ့တွင် ဆုတောင်းကြသည်။ ၎င်းကျောင်းမှ စစ္စတာရ်များက ၎င်းတို့ဘုရားကျောင်းထဲသို့ ဆုတောင်းနေသည်ကို တွေ့မြင်ကြသည်။ ဘုရားကျောင်းသော့ မဖွင့်ဘဲ အထဲမှာ ဆုတောင်းရောက်ရှိကြောင်း တန်ခိုးလက္ခဏာပြသည်။ စိန့်ရီတာ၏ ရိုးသားစွာ ရှင်းပြခြင်းကို သက်သေခံကြသည်။
နိုဗီစ်ပြည့်စုံလို့ ကတိသစ္စာခံယူပြီးနောက် စိန့်ရီတာသည် ဆက်လက်၍ သူမ၏ သန့်ရှင်းဖြူစင်ခြင်းသည် ပိုမိုတိုးတက် ထင်ရှားလာသည်။ နှစ်ပေါင်း (၂၅)နှစ် သန့်ရှင်းစွာ အမှုထမ်းခဲ့သည်။ ၁၄၄၂-ခုနှစ် မာချက်မှ စိန့်ဂျိမ်းသည် ဝါတွင်းအချိန်ကာလ တရားဟောချိန်မှာ စိန့်ရီတာသည် ခရစ်တော်သခင်၏ ဒုက္ခစရိယာအား ဝေမျှခံစားရန် ဆန္ဒပြင်းပြလာသည်။ နံရံပေါ်၌ ကပ်ထားသည့်ပုံတော်မှ အလင်းတန်း ဖြာထွက်လာပြီး စိန့်ရီတာ၏ နဖူးတည့်တည့် ရှူးဗောင်းပုံဖြစ်လာသည်။ ၎င်းအနာသည် တဖြည်းဖြည်းနဲ့ ပုပ်လာသည်။ စိန့်ရီတာသည် ဒဏ်ရာကြောင့် ဒုက္ခဝေဒနာ (၈)နှစ် ခံစားခဲ့သည်။ သူမသည် စိတ်ရှည်စွာဖြင့် ၎င်းဝေဒနာကို ခံခဲ့သည်။
၁၄၅၀-ခုနှစ် ဂျူဗလီနှစ်၌ စိန့်ဘာနာဒင်းအား ရဟန္တာတင်မြှောက်ပွဲသို့ စိန့်ရီတာသည် အဖော်စစ္စတာရ်များနှင့် ပါဝင်လိုသောဆန္ဒ ပြင်းပြသည်။ မကြာမီ သူမ၏ဒဏ်ရာတော်သည် ကောင်းသွားသည်။ အသက် (၆၄)နှစ် စစ္စတာရ်ရီတာသည် မိုင်ပေါင်း (၉၀)ခရီးကို ခြေလျှင်ဖြင့် လိုက်သွားခဲ့သည်။ ဂျူဗလီပွဲသို့ လိုလိုနားမှ စိန့်ကက်သရင်း၊ စိန့်ဂျွန်ကာပီစထရာ၊ မာချက်စ်မှ စိန့်ဂျိမ်းနှင့် ကာဒီစ်မှ စိန့်ဒီကိုတို့ ပါဝင်ကြသည်။ ဂျူဗလီပွဲပြီး (၇)နှစ်ကြာသောအခါ စစ္စတာရ်ရီတာ သေဆုံးသည်။
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)