သူသည် ရောမလူမျိုး ဘုန်းတော်ကြီးတစ်ပါး ဖြစ်သည်။ နွားကျောင်းသားများ၊ အလုပ်သမားများ၊ ကျွဲ၊ နွား တိရစ္ဆာန်အုပ်ကို ထိန်းသူများထံသို့ သာသနာပြုရန် ဝါသနာပါသည်။ သူသည် နံနက်စောစောနှင့် ညနေပိုင်းတွင် ကာမ်ပိုစီနိုသို့သွား၍ တရားဒေသနာ ဟောကြားလေ့ရှိသည်။ စိန့်ကာလာ (St. Galla Hospital) ဆေးရုံသို့သွား၍ လူနာများအား ဆုတောင်းပေးတတ်သည်။ ၁၇၁၁-ခုနှစ်တွင် ဒုက္ခသည် တည်းခိုရာ အဆောင်တစ်ခု ဆောက်လုပ်၍ လမ်းဘေးရောက်သူများအား ကူညီသည်။ ၁၇၃၈-ခုနှစ်တွင် ဆရာတော်ကြီးသည် သူ့အား ရောမ၌ရှိသော ဘုရားကျောင်းတိုင်းတွင် အာပတ်ဖြေ နားထောင်ခွင့် ပြုလိုက်သည်။ သူသည် အကျဉ်းထောင်၊ ဆင်းရဲသားများနှင့် ဆေးရုံရှိ စာမတတ်သူများ (သို့) အိမ်းများ၌ အာပတ်ဖြေ နားထောင်ပေး၍ အချိန်ကုန်စေသည်။ (“He is known as the Apostles of the abandoned”) သူသည် ဒုက္ခသည်များ၏ တမန်တော်ဟု လူသိများသည်။
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)