စိန့်ဘရစ်ဂျစ်သည် အသံတစ်ခု ကြားရသည်မှာ သခင်ယေဇူးသည် အပြစ်မဲ့သန္ဓေယူသော သခင်မအား ကတိပေးသည်။ သင်၏နာမည်ဖြင့် တောင်းလျှောက်သူဟူသမျှ ငါနှစ်သက်သည်။ အကယ်၍ အပြစ်သည် ဖြစ်ငြားသော်လည်း သူ၏အပြစ် လမ်းမှားခြင်းမှ နောင်တရစေမည်။
၁၈၀၈-ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီး ပီအူးစ်(၇)အား နပိုလီယန်က ထောင်ချခဲ့သည်။ သက်တော် (၇၄)နှစ်ရှိ ရဟန်းမင်းကြီးအား လေဇစ် (Leipzig) တိုက်ပွဲပြီးမှ ထုတ်ပေးလိုက်သည်။ ၁၈၁၄-ခုနှစ်တွင် ရောမမြို့သို့ ပြန်လာသည်။ ၁၈၁၅-ခုနှစ်၊ နပိုလီယန်၏ ရက်ပေါင်း (၁၀၀)ဆုံးခန်းတိုင်ရောက်သော (waterloo) ဝါတာလုပြီးသောအခါ ပုပ်ရဟန်းမင်းကြီး ပီအူးစ်(၇)သည် ခရစ်ယာန်တို့အား မှိုင်းမတော်မူခြင်းအတွက် ဘုရားသခင်နှင့် မယ်တော်အား ကျေးဇူးဆပ်တင်ခြင်း ဖြစ်သည်။ နပိုလီယန်၏ ချုပ်နှောင်ခြင်းမှ လွတ်မြောက်လာသည့်အတွက် ဘုရားအား ကျေးဇူးဆပ်တင်ခြင်း အထိမ်းအမှတ် ဖြစ်သည်။
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)