Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#25 May 2021 #St. Gregory VII (Pope), သတ္တမမြောက် သံဂရေဂေါ်ရီ (ပုပ်ရဟန်းမင်းကြီး) (၁၀၂၈-၁၀၈၅) #စိန့်ဖရန်စစ်ဇေးဗီးယားဘရာသာရ်များ (Press) Posted by M Sulatthtwe

အလယ်ခေတ် အသင်းတော်တွင် အကြီးကျယ်ဆုံး အသင်းတော်အတွင်း ပြန်လည် ပြုပြင်သူဖြစ်သော ပုပ်ရဟန်းမင်းကြီး သတ္တမမြောက် သံဂရေဂေါ်ရီသည် သက္ကရာဇ် ၁၀၂၈-ခုနှစ်တွင် အီတလီပြည်၊ တုစ်ကာနီ (Tuscany)မြို့တွင် မွေးဖွားခဲ့သည်။ အာဗန်တိုင်း (Aventine)ရှိ စိန့်မေရီ ရသေ့ကျောင်းတွင် ပညာသင်ခဲ့ပြီး သက္ကရာဇ် ၁၀၇၃-ခုနှစ်တွင် သတ္တမမြောက် သံဂရေဂေါ်ရီသည် အများသဘောတူညီချက်ဖြင့် ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးချယ်တင်မြောက် ခံခဲ့ရသည်။ ထို့နောက် ချက်ခြင်းပင် အသင်းတော်အတွင်း ယိုယွင်းမှုများကို အားသွန်ခွန်စိုက် ပြုပြင်ပြောင်းလဲခြင်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ သက္ကရာဇ် ၁၀၇၅-ခုနှစ်တွင် ရောမားသံဃာရတနာတင် အစည်းအဝေးတွင် ဘုရားအား လှူဒါန်းထားသော ပုဂ္ဂိုလ်များ၏ ရာထူးများအား ရောင်းစားခြင်း အလေ့အထကို ဖယ်ရှင်းခဲ့ပြီး ရဟန်းသံဃာတို့၏ ငယ်ဖြူဘဝလမ်းစဉ်ကို မြှင့်တင်ပေးခဲ့သည်။ သူတို့၏ပိုင်နက်များတွင် ဆရာတော်များအား ခန့်အပ်ထားရန် လောကီနှင့်ဆိုင်သော အုပ်ချုပ်သူများက တောင်းဆိုသော အခွင့်အရေး ဖြစ်သည်။ သာမန်ပုဂ္ဂိုလ်များအား ရာထူးအဆောင်အယောင် အပ်နှင်းခြင်းကို လက်ခံရန် သံဂရေဂေါ်ရီ၏ တားမြစ်ခြင်းသည် ဂျာမဏီနိုင်ငံ၏ အင်ပါယာဖြစ်သော စတုတ္ထမြောက် ဟင်နရီနှင့် ပဋိပက္ခ ဖြစ်စေခဲ့သည်။ ဟင်နရီသည် သူ့၏အသင်းပယ်ဒဏ်ကို ရုပ်သိမ်းရပ်စဲစေရန်အတွက် ကာနော့စ်ဆာ (Canossa)ရှိ ရဲတိုက်အပြင်ဘက်တွင် အပြစ်ဒဏ်ဆပ်ဖြေသောအခါ သက္ကရာဇ် ၁၀၇၇-ခုနှစ်တွင် သံဂရေဂေါ်ရီနှင့် ဟင်နရီတို့ ယာယီအားဖြင့် ပြန်လည်ကျေအေး သွားကြသည်။ သက္ကရာဇ် ၁၀၈၄-ခုနှစ်တွင် ဟင်နရီသည် သူ၏စစ်တပ်ကို ရောမားသို့ ဦးဆောင်ချီတက်ပြီး ပုပ်ရဟန်းမင်းကြီးအား ဆာလဲနို (Saleno)သို့ သွားရောက်ခိုလှုံနေရန် အတင်းအဓမ္မစေခိုင်းသောအခါ ပဋိပက္ခသည် တဖန်ပြန်၍ ပေါက်ကွဲတော့သည်။ ဆာလဲနိုတွင် ဂရေဂေါ်ရီသည် သက္ကရာဇ် ၁၀၈၅-ခုနှစ်တွင် ပျံလွန်တော်မူခဲ့သည်။ သူသည် သေခါနီးဆဲဆဲ ကုတင်ပေါ်တွင် သူ၏ရန်သူများကို အခွင့်လွှတ်ခဲ့သည်။ “ကျွန်ုပ်သည် တရားစောင့်သိခြင်းကို ချစ်မြတ်နိုး၍ မတရားမှုကို စက်ဆုပ်သည်။ ထိုအတွက်ကြောင့် ယခုကဲ့သို့ ကျွန်ုပ်သည် ပြည်နှင်ဒဏ်ခံရပြီး သေဆုံးရပါသည်” ဟုပြောဆိုခဲ့သည်။

#စိန့်ဖရန်စစ်ဇေးဗီးယားဘရာသာရ်များ (Press)

ရဟႏာၱ