ကက်သလစ် အသင်းတော်၏ တစ်ဦးတည်းသော အင်္ဂလိပ်လူမျိုး ဓမ္မသုခမိန်ဖြစ်သော သံဘိတ်သည် သက္ကရာဇ် ၆၇၃-ခုနှစ်တွင် အင်္ဂလန်နိုင်ငံ (Jarrow) ဂျာရို၌ မွေးဖွားခဲ့သည်။ သူ၏ သန့်ရှင်းစင်ကြယ်မှုကြောင့် “ကြည်ညိုလေးစားထိုက်သူ” အဖြစ် ကျော်ဇောလေသည်။ အသက် ခုနှစ်နှစ်အရွယ်တွင် ဝဲမောက် (Wearmouth)ရှိ စိန့်ပီတာနှင့် စိန့်ပေါလ်ရသေ့ကျောင်းသို့ ဝင်ရောက်ခဲ့သည်။ ကျောင်းအုပ်ရသေ့ ဘေနေဒစ်၏ စောင့်ရှောက်မှုအောက်တွင် နေထိုင်ခဲ့ပြီး သက္ကရာဇ် ၇၀၂-ခုနှစ်တွင် ရဟန်းသိက္ခာ ခံယူခဲ့သည်။ အခြားသော ရသေ့ကျောင်းများသို့ တခါတရံ သွားရောက် လည်ပတ်ခြင်းမှအပ သူ့ဘဝအသက်တာကို ပတ္တနာပြုခြင်း၊ ရသေ့ကျောင်း၏စည်းမျဉ်း၊ စည်းကမ်းများကို လိုက်ကျင့်ခြင်း၊ သန့်ရှင်းသော သမ္မာကျမ်းစာကို လေ့လာခြင်းဖြင့်သာ ကုန်လွန်စေခဲ့သည်။
သူ့ခေတ်၊ သူ့အခါတွင် သုတအကြွယ်ဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံခဲ့ရသည်။ သူသည် သမ္မာကျမ်းစာနှင့်ဆိုင်သော သမိုင်းကြောင်းနှင့်ဆိုင်သော ပြောင်မြောက်သည့် စာအုပ်များကို ရေးသားခဲ့သည်။ သူ့အသက်တာ၏ နောက်ဆုံးသော ရက် (၄၀)တွင် သံယောဟန်၏ ဧဝံဂေလိကျမ်းစာကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့သည်။ နောက်ဆုံးသော ကျမ်းပိုဒ်ကို ဘာသာပြန်ဆို ပြီးချိန်မှာတော့ “အရာအားလုံး ပြီးပြည့်စုံပါပြီ” ဟုပြောဆိုခဲ့သည်။ သက္ကရာဇ် ၇၃၅ခုနှစ်တွင် “ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်အား ဘုန်းတော်၊ ဂုဏ်တော် ရှိပါစေသော်” ဟု သီဆိုလျှက် သူ၏အခန်းကျဉ်းကလေး၏ ကြမ်းပြင်ပေါ်တွင် ပျံလွန်တော်မူခဲ့သည်။
#စိန့်ဖရန်စစ်ဇေးဗီးယားဘရာသာရ်များ (Press)