ဤပွဲတော်သည် ကညာစင်မာရီးယားမှ ဧလိဇဘက်ထံသို့ အလည်အပတ် သွားရောက်ခြင်းကို အောက်မေ့သတိယ ကျင်းပခြင်း ဖြစ်သည်။ သင်၏ အဆွေအမျိုးဖြစ်သော ဧလိဇဘက်သည် ပဋိသန္ဓေ စွဲယူပြီးဟု ကောင်းကင်တမန် ဂါဗြီအဲလ်က ပြောသည်ဖြစ်၍ မာရီယားသည် ထ၍တောင်ကြား အရပ်၌ရှိသော ယုဒမြို့တစ်မြို့သို့ အလျင်အမြန် သွားပြီးလျှင် ဇာခရိအိမ်သို့ဝင်၍ ဧလိဇဘက်ကို နှုတ်ဆက်လေသည်။ ထိုနှုတ်ဆက်ခြင်းစကားကို ဧလိဇဘက် ကြားစဉ်တွင် သူမဝမ်း၌ရှိသော သူငယ်သည်လည်း မြတ်စွာသော မင်္ဂလာရှိ၏။ အကျွန်ုပ်သခင်၏ မယ်တော်သည် အကျွန်ုပ်ဆီသို့ ကြွလာသောကျေးဇူးကို အဘယ်အကြောင်းကြောင့် ကျွန်ုပ်ခံရပါသနည်း။ သင်၏နှုတ်ဆက်ခြင်း စကားသံကို အကျွန်ုပ်ကြားစဉ်တွင် အကျွန်ုပ်ဝမ်းထဲ၌ရှိသော သူငယ်သည် ရွှင်မြူးသောစိတ်နှင့် ခုန်မြူးလေပြီ။ အကြောင်းမူကား ထိုမိန်းမအား ထာဝရဘုရား မိန့်တော်မူသော စကားသည် ပြည့်စုံလိမ့်မည်ဟု ယုံကြည်သော မိန်းမသည် မင်္ဂလာရှိ၏ဟု ကြီးသောအသံနှင့် မြွတ်ဆို၏။ မာရီယားကလည်း ငါ့စိတ်နှလုံးသည် ထာဝရဘုရားကို ချီးမွမ်း၏။ ငါ့ကိုကယ်တင်တော်မူသောအရှင် ဘုရားသခင်ကို အမှီပြု၍ ငါ့ဝိညာဉ်သည် ရွှင်လန်းခြင်းရှိ၏။ (ရှင်လုကား ၁း ၄၆) မာရီးယားသည်လည်း ဧလိဇဘက်ထံမှ သုံးလခန့်နေပြီးမှ မိမိအိမ်သို့ ပြန်လေ၏။
#စိန့်ဖရန်စစ်ဇေးဗီးယားဘရာသာရ်များ (Press)