Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#မေလ (၃၁) ရက် #ယနေ့အမိသာသနာတော်က အမှတ်ရကျင်းပသောပွဲ #အမိမယ်တော်သည်အဲလစ်ဇဘက်ထံသွားရောက်လည်ပတ်ခြင်းပွဲ #Fr.ကလေးမင်း(အားတယ်) (ဘာသာပြန်) Posted by M Sulatthtwe

ဤပွဲတော်ကို (၁၃) (၁၄) ရာစုမှစတင် ကျင်းပလာခဲ့သည်။ ဤပွဲနေ့ကို ကျင်းပရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ သာသနာတော်ကြီး အတွင်း၌ ‘စည်းလုံးညီညွှတ်ခြင်း’ ရှိရန်ဖြစ်သည်။ အမိသာသနာတော်ကြီး၏ ၀တ်ပြုခြင်း အအစီအစဉ်၌ ဤပွဲကို မေလ (၃၁) ရက်နေ့ဟု သတ်မှတ်ကျင်းပ လာခဲ့သည်မှာ (၁၉၆၉) မှ ကျင်းပလာခဲ့ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယေဇူးသခင် ရှေ့တော်ပြေး တမန်တော် ဆေးကြောခြင်း ဆရာယောဟန်၏ မွေးနေ့ကြား ကိုးလခြားအောင် တွက်ချက် ကျင်းပခဲ့ခြင်း ဖြစ်သည်။

အခြားသော မယ်တော်ပွဲတော်များ ကဲ့သို့ပင် ဤယနေ့ ပွဲတော်သည်လည်း ယေဇူးသခင်၏ ကယ်တင်ခြင်း လုပ်ငန်းစဉ်နှင့် ဆက်စပ်နေပါသည်။ သို့သော် အမှတ်တမဲ့ ကြည့်မည်ဆိုလျှင် ဤအဖြစ်အပျက်၌ အဓိက ပုဂ္ဂိုလ်များမှာ အမိမယ်တော်နှင့် ဧလိဇဘက်ဟု ထင်ရပါသည်။ (သံလုကာ ၁း၃၉-၄၅) တရားနည်းလမ်းကျကျ နက်နက်နဲနဲ ထောက်ရှုမည် ဆိုပါက အဓိကပုဂ္ဂိုလ်များမှာ ယေဇူးသခင်နှင့် သူ၏ရှေ့တော်ပြေး တမန်တော် ဆေးကြောခြင်းဆရာ ယောဟန် ဖြစ်ပါသည်။ ယေဇူးသခင်၏ ကြွလာခြင်းသည် ဆေးကြောခြင်းဆရာ ယောဟန်အား ခုန်မြူးစေသည်အထိ ဖြစ်စေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် လူမျိုးအဆက်ဆက် မျှော်လင့်ခဲ့သော၊ ဘိုးဘေးတို့အား ကတိထားသော ဗျာဒိတ်တော် ပြည့်စုံလာခြင်းကြောင့် ဖြစ်သည်။ ဧလိဇဘက်သည်လည်း သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်လျှက် အမိမယ်တော်အား မြောက်ပင့်ပြောဆိုခြင်း မဟုတ်ဘဲ ချီးမွှမ်းခဲ့သည်။ ထိုချီးမွှမ်းခြင်း စကားသည် ရာစုအဆက်ဆက် ပဲ့တင်ထပ်လျှက် ရှိနေသည်။

ဤအဖြစ်အပျက်ကို သတင်းသမားများ၏ မှတ်တမ်းရယူထားခြင်း မရှိပေ။ သို့သော် ဧ၀ံဂေလိ ကျမ်းရေးသူ သံလုကာကား အမိသာသနာတော်ကြီးအတွက် ရေးသားပြောဆို ထားပေးသည်။ သူ၏ ရေးသားထားချက်သည် လင်္ကာကဗျာဆန်ဆန် ဆုတောင်းခြင်းကို သီကုံးထားသည်။ ဧလိဇဘက်က အမိမယ်တော်အား ‘ကျွန်ုပ်သခင်၏မိခင်’ ဟုတင်စားချီးမွမ်း ထားသည်။ ဤချီးမွမ်းစကားသည် ရှေ့ဦးခရစ်ယာန် ခေတ်သမယ၌ အမိမယ်တော်ကို သဒ္ဓါကြည်ညိုခြင်း ရှိခဲ့သည့်သာဓကပင် ဖြစ်သည်။ ဧလိဇဘက်၏ ချီးမွမ်းစကားသည် ဘုရားသခင် အမိမယ်တော်အား ပြုခဲ့သော ကျေးဇူးကောင်းမှုကြောင့် အမိမယ်တော်ကို ကြည်ညို လေးစားထိုက်သည့် ခိုင်လုံသော အထောက်အထားရှိသည့် သက်သေပင် ဖြစ်ပါသည်။ ဒုတိယအချက် အနေဖြင့် ချီးမွမ်းစကား ဆိုထားသည်မှာ အမိမယ်တော်သည် ဘုရားသခင်၏ နှုတ်တော်ထွက် စကားကို ယုံကြည်သူဟု ဆိုထားပါသည်။ ဆိုလိုသည်မှာ အမိမယ်တော်၏ ဘုရားသခင်အပေါ် ယုံကြည်ခြင်းသည် ဒုတိယ အခြေအနေ ဖြစ်ပြီး၊ ဘုရားသခင်က မယ်တော်အား ရွေးချယ်ခြင်းသည် ပထမ အခြေအနေ ဖြစ်သည်ကို ဖော်ပြနေသည်။ ဘုရားသခင် ကိုယ်တော်တိုင် ‘ဘုရား၏မိခင်’ အဖြစ် ရွေးကောက် တင်မြောက်သော သူအား သာမန်လူသားများ အနေဖြင့် မကြည်ညိုနိုင်စရာအကြောင်း မည်သို့မျှမရှိ။ ထို့နောက်မှ အမိမယ်တော်သည် ဘုရားသခင် သူ့အား ပြုခဲ့သော ကြီးမြတ်သည့် အမှုများကို နှိမ့်ချ၊ ရိုးသားစွာ ‘မညှီးဖိကပ်’ ဆုတောင်း သီဆို ချီးမွမ်းကျေးဇူး တင်ထားပါသည်။ (သံလုကာ ၁း၄၆-၅၅) 

#Fr.ကလေးမင်း(အားတယ်) (ဘာသာပြန်)

 

 

ရဟႏာၱ