ယနေ့ပွဲနေ့ရှင်မှာ စိန့်ဂျက်စတင်း ဖြစ်ပါသည်။ သူသည် အစောပိုင်းမှ သာသနာ့ ဖခင်ကြီးများအပေါ်၊ သူ၏ဘာသာရေး အတွေးအခေါ်များ၊ စာပေများအားဖြင့် အလွန်လွှမ်းမိုးခဲ့သူ ဖြစ်ပါသည်။ သူ၏အစောပိုင်း အသက်တာ၌ ခရစ်ယာန် မဟုတ်ခဲ့ပေ။ အဆင့်မြင့်သော အတွေးအခေါ် ပညာရပ်များကို သင်ကြားခြင်း၊ အမှန်တရားကို ရှာဖွေရာမှ နောက်ဆုံး၌ သက်တော် (၃၀) တွင် ခရစ်ယာန်အဖြစ် ခံယူခဲ့ပါသည်။ သူ့အား ဆာမာရီးယားနယ်တွင် အေဒီ (၁၀၀) ၀န်းကျင်၌ မွေးဖွား သန့်စင်ခဲ့ပါသည်။ သူသည် ဧဖက်မြို့၌ စာသင်ကြား ပြသခဲ့ရာမှ နောက်ပိုင်း၌ ရောမမြို့တွင် သူကိုယ်တိုင် ဦးစီး၍ ကျောင်းတစ်ကျောင်းကို ဖွင့်လှစ်ခဲ့သည်။ ခရစ်ယာန် ဘာသာရေး အယူဝါဒ၊ သွန်သင်ချက်များကို ရေးသားပြုစု၍ တရားအမှန်ကို ပြသပေးခဲ့၊ ကာကွယ်ပေးခဲ့ပါသည်။ သူသည် အသက်အရွယ်ရမှ ခရစ်ယာန်ဘာသာသို့ ကူးပြောင်း လာခဲ့သည် မှန်သော်လည်း၊ ဘာသာရေး၏ အခြေခံ သွန်သင်ချက်များကို စေ့စေ့ဌဌ လေ့လာခဲ့သူ ဖြစ်သောကြောင့် ကက်သလစ် သာသနာ၏ ဆေးကြောခြင်းဆိုင်ရာ ဝိနည်းဟောင်း (ယခုအခါ အနည်းငယ် ပြင်ဆင်မှုများပြုလုပ်ထားသည်။ သို့သော် ထိုဝိနည်း အဟောင်းကို မှီငြမ်းထားပါသည်။) ကိုလည်းကောင်း၊ တနင်္ဂနွေနေ့ မစ္ဆားတရား၏ ဝိနည်းတော်ကို လည်းကောင်း ပြုစုရေးသားခဲ့သူ ဖြစ်ပါသည်။ ဂျက်စတင်းသည် (၁၆၅) ခုနှစ်တွင် သူယုံကြည်သော တရားတော်အတွက် ရဲဝံ့စွာ အသတ်ခံခဲ့ရပါသည်။ အဘယ်ကြောင့်ဆိုသော် သူခေတ်အခါ၌ မင်းလုပ်အုပ်ချုပ်သော ဘုရင်မားကူ့အောက်ရေးလီအူ့(စ်) (Marcus Aurelius) သည်လည်း အတွေးအခေါ် ဘာသာရပ်ကို လေ့လာလိုက်စားသူ ဖြစ်ပါသည်။ ထိုအတွေးအခေါ်ပိုင်းဆိုင်ရာ သဘောထားခြင်း မတိုက်ဆိုက်မှုများကြောင့် နောက်ဆုံး၌ စိန့်ဂျက်စတင်းသည် အမှန်တရားအတွက် ဓမ္မအာဇာနည်အဖြစ် အသတ်ခံခဲ့ရခြင်း ဖြစ်ပါသည်။
#Fr.ကလေးမင်း(အားတယ်) (ဘာသာပြန်)