Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#2 June 2021 #သံမာဆဲလီနူစ်နှင့် သံပီတာ #စိန့်ဖရန်စစ်ဇေးဗီးယားဘရာသာရ်များ (Press) Posted by M Sulatthtwe

သံမာဆဲလီနုစ်သည် ရောမမြို့တွင် ထင်ရှားကျော်ကြားသော ရဟန်းတစ်ပါးဖြစ်၍ ပီတာသည် နတ်ဆိုးများကို နှင်ထုတ်ပေးသူ တစ်ယောက်ဖြစ်သည်။ သက္ကရာဇ် ၃၀၄-ခုနှစ် ဒီအိုကလဲဆီယန်း၏ ညှင်းပန်းနှိပ်စက် သူများအချိန်တွင် သူတို့သည် အဖမ်းခံရ၍ ထောင်သွင်း အကျဉ်းချခံရသည်။ ထောင်မှူးအာသေမီအုသည် သူတို့၏ ယုံကြည်ခြင်းကို အထင်ကြီးလေးစားမိ၍ သူ၏မိသားစုနှင့်တကွ ဆေးကြောခြင်းခံရန် တောင်းဆိုခဲ့သည်။ ထိုနောက်တွင် သူတို့အား တိတ်တဆိတ် ခေါင်းဖြတ်သတ်ရန်အတွက် ဆေးဝါနီးဂရာ (Silva Nigra) ဟုခေါ်သော တောကြီးထဲတွင် သူတို့ကို ခေါ်သွားကြသည်။ သို့သော် သူတို့၏တရားတော်အတွက် အသေခံခြင်းကို နောက်ပိုင်း၌ ခရစ်ယာန်တစ်ယောက် ဖြစ်လာသော အာဏာပါကွက်သားမှ ဖော်ထုတ်ပြောဆိုခဲ့သည်။ ဘာသာတရား ကိုင်းရှိုင်းသော အမျိုးသမီးနှစ်ဦးဖြစ်သည့် လူစီလာနှင့် ဖီမီးနာတို့သည် သူတို့၏ရုပ်ကြွင်းများကို တိတ်တဆိတ် ယူဆောင်၍ လာဘီလာနာ (Labicana) လမ်းရှိ သံတီဘူဆီအုစ် (St. Tiburtius)၏ ဥမင်လိုဏ်ခေါင်း သင်္ချိုင်းဂူတွင် တရိုတသေ မြုပ်နှံသင်္ဂြိုလ်ခဲ့ကြသည်။ သူတို့၏ဂူပေါ်တွင် ငုံ၍ ကွန်စတင်တိုင်းက ဘုရားရှိခိုးကျောင်း တစ်ဆောင်ကို ဆောက်လုပ်ခဲ့ပြီး ထိုနေရာတွင်ပင် သူ၏မိခင် သံဟယ်လင်ကို မြုပ်နှံသင်္ဂြိုလ်ခဲ့လေသည်။

#စိန့်ဖရန်စစ်ဇေးဗီးယားဘရာသာရ်များ (Press)

ရဟႏာၱ