ယနေ့ပွဲနေ့ရှင်မှာ နှစ်ပါး ဖြစ်ပါသည်။ ၎င်းတို့နှစ်ပါးအား တစ်ရက်တည်းတွင် ကျင်းပရခြင်းမှာ ခရစ်ယာန်များအား ညဉ်းပမ်းနှိပ်စက် သတ်ဖြတ်သော ကာလများ လွန်မြောက်သွားသောအခါ အသတ်ခံခဲ့ကြရသော ခရစ်ယာန်များ၏ ရုပ်ကလပ်များကို လက်လှမ်းမှီသမျှ ပြန်လည်ဖော်ထုတ်၍ ဝိနည်းတော်နှင့်အညီ မြှုပ်နှံမှုများကို ပြုလုပ်ပေးခဲ့ကြသည်။ ထိုခေတ်အခါက ရဟန္တာအဖြစ် တင်မြောက်ရာတွင် ယနေ့ခေတ်ကဲ့သို့ အဆင့်ဆင့် စီစစ်ရွေးချယ်ခဲ့ခြင်း မဟုတ်ဘဲ မိမိယုံကြည် သက်ဝင်သောတရားတော်အတွက်၊ ရဲဝံ့စွာအသေခံဝံ့သူများကိုရဟန္တာအဖြစ်တင်မြောက်ခြင်း နည်းကိုသာကျင့်သုံးခဲ့ကြပါသည်။ ၎င်းတို့၏ရုပ်ကလပ်များကိုပြန်လည်ဖော်ထုတ်ရာ၌၊ အတူတကွမြှုံနှံထားသည်ကို တွေ ့ရှိရ၍၊ တရားတော်အတွက်၊ အတူတကွအသက်ပေးသွားခဲ့သည်ဟုယူဆ၍ကျင်းခြင်းဖြစ်ပါသည်။ ၎င်းတို့အား မြှုပ်နှံထားသောသချင်္ိုင်းမှာ၊ ရောမမြို့၏အပြင်ဘက်တွင်ရှိပါသည်။ ၎င်းတို့၏အုတ်ဂူပေါ်တွင်၊ ၎င်းတို့နှစ်ပါးသည်၊ သေ ခြင်းနှင့်ရင်ဆိုင်ရချိန်တွင်၊ တရားရည်ပြည့်ဝစွာဖြင့်၊ မတုန်မလှုပ်ဘဲ၊ ရဲဝံ့စွာရင်ဆိုင်ခဲ့ကြသည်ဟု၊ ရဟန်းမင်းကြီးဒါမာ ဆု၏မှတ်ချက်ကိုလည်းရေးထိုးထားပါသည်။ ၎င်းတို့သည်အေဒီ (၃၀၄-၃၀၅) ခုနှစ်ဝန်းကျင်တွင်၊ အသတ်ခံခဲ့ရဖြင်း ဖြစ်ပါသည်။ ကွန်စတန်တိုးဘုရင်၏မိသားစုသည်၊ ၎င်းတို့နှစ်ပါးအားဂုဏ်ပြုသောအားဖြင့်၊ အလွန်ကြီးမားသော၊ ဘာ စီးလီကာဘုရားကျောင်းတော်ကိုဆောက်လုပ်လှူဒါန်းခဲ့ပါသည်။
#Fr.ကလေးမင်း(အားတယ်) (ဘာသာပြန်)