နေအိုပိုလီတန် မိသားစု မင်းမျိုးမင်းနွယ် ဖြစ်သည်။ သူသည် ဘာဘရူမြို့၌ မွေးဖွားသည်။ ငယ်ရွယ်စဉ်က အရေပြားရောဂါ ရှိသည်။ အသက် (၂၂)တွင် မိမိဘဝတစ်ခုလုံးကို ဘုရားသခင်အား အပ်နှံကတိပေးသည့် အချိန်မှစ၍ ရောဂါပျောက်ကင်းသွားသည်။ နေပေါလ် သီအိုလော်ဂျီ ကျောင်းသို့ဝင်၍ ၁၅၈၇-ခုနှစ်တွင် ရဟန်းသိက္ခာ ခံယူသည်။ ၁၅၈၉-ခုနှစ်တွင် ဂိုဏ်းသစ်တစ်ခုကို သူငယ်ချင်း အာဒိုနိုနှင့် တည်ထောင်သည်။ အသင်းတော်၏ ဂုဏ်သိက္ခာကို ထိန်းသိမ်း ကာကွယ်ကြသည်။ ကိုယ်တော်မြတ်ကို အစဉ်မပြတ် ဖူးမျှော်ကြရန် ဖြစ်သည်။ ကတိသစ္စာ သုံးပါးကိုလည်း ထိန်းသိမ်းကြသည်။ နေပါလ်၌ အကြီးအကဲအဖြစ် စိန့်ဖရန်စစ်သည် ပထမတာဝန် ထမ်းဆောင်သည်။ စပိန်နိုင်ငံ မာဒရီတွင် ကျောင်းများ ဖွင့်လှစ်နိုင်ရန် သုံးကြိမ်တိုင်တိုင် ခရီးသွားခဲ့သည်။ မာဒရီ၊ ဗါလာဒိုလီတွင် နာမည်ကြီး တက္ကသိုလ်များတွင် သိပ္ပံဘာသာ သင်ကြားပေးရန် ဖြစ်သည်။ စိန့်ဖရန်စစ် ကာရာစီလိုသည် မိခင်ဘက်မှ စိန့်သောမတ်စ် အကွီနားနှင့် အမျိုးတော်သည်။ သူ၏သန့်ရှင်းဖြူစင်ခြင်းကို လူတွေက အသိအမှတ် ပြုကြသည်။ ဆင်းရဲသားများ၏ အဖော်များဖြစ်သည်။ ခြေလျင်ဖြင့် အမြဲခရီးသွားသည်။ လမ်းတွင်စားဖို့ ထမင်းကိုသာ သယ်ဆောင်သည်။ ဘုရားသခင်က သူ့အား ပရောဖက်ဉာဏ် ပေးထားသည်။ ခရစ်တော်သခင်၏ ဒုက္ခစရိယာ ခုနစ်ထွေ(၇)၌ နာမည်ထင်ရှားသည်။
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)