Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#5 June 2021 #စိန့်ဘောနီဖေ့(စ်) #Fr.ကလေးမင်း(အားတယ်) (ဘာသာပြန်) Posted by M Sulatthtwe

ယနေ့ပွဲနေ့ရှင်သည် ဆရာတော်တစ်ပါး ဖြစ်ပါသည်။ သူသည် အင်္ဂလိပ်လူမျိုး ဖြစ်သော်လည်း ဂျာမဏီနိုင်ငံသို့ သာသနာပြုရန် (၇၁၅ခုနှစ်တွင် ရဟန်းမင်းကြီး၏ ရွေးချယ်စေလွှတ်ခြင်း ခံခဲ့ရပါသည်။ သူသည် ဘေနေဒစ်တင်း ရသေ့တစ်ပါးလည်း ဖြစ်ပါသည်။ သူသည် စေလွှတ်ခြင်း ခံရသကဲ့သို့ မနားမနေ သွားလာဟောပြောရင်း သာသနာအသစ်များ တည်ထောင်ဖွင့်လှစ်ခြင်း၊ ရသေ့ကျောင်းများ ဖွင့်လှစ်ခဲ့ပါသည်။ သူအလွန် ခင်တွယ်ခဲ့ရသော ရသေ့ကျောင်းမှာ ဖူလ်ဒါရသေ့ကျောင်း ဖြစ်ပါသည်။ သူသည် ဂျာမဏီနိုင်ငံ၌သာ မဟုတ်၊ ပြင်သစ်နိုင်ငံ၌လည်း ဘာသာရေး တည်တည်ငြိမ်ငြိမ် ဖြစ်လာစေရန် စီမံပေးခဲ့ပါသည်။ ထိုသို့ သာသနာအမှုများကို လုပ်ဆောင်နေစဉ်၌ပင် ခံယူချက် အစွန်းရောက်သူတို့၏ လက်ချက်ဖြင့် အပေါင်းအပါ (၅၂နှစ်ဦးနှင့်အတူ (၇၅၅ခုနှစ်တွင် လုပ်ကြံခံခဲ့ရပါသည်။ သူ၏ရုပ်အလောင်းကို သူခင်တွယ်ခဲ့သော ဖူလ်ဒါရသေ့ကျောင်းတွင် သင်္ဂြိုလ်ပေးခဲ့ပါသည်။

#Fr.ကလေးမင်း(အားတယ်) (ဘာသာပြန်)

 

 

ရဟႏာၱ