Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#6 June 2021 #စိန့်နော်ဘက် #Fr.ကလေးမင်း(အားတယ်) (ဘာသာပြန်) Posted by M Sulatthtwe

 

စိန့်နော်ဘက်သည် ဂျာမဏီနိုင်ငံသား ဖြစ်ပြီး လူငယ်ဘဝ၌ အလွန်ပျက်ဆီးခဲ့သူ ဖြစ်ပါသည်။ တစ်နေ့၌ သူ၏ဘဝကို အကျင့်ပြောင်းလဲ လာစေခဲ့သော အဖြစ်သနစ်နှင့် ကြုံကြိုက်ခဲ့ရမှသာ ဘဝပြောင်းလဲ ရှင်သန်ခဲ့သည်။ ဘဝပြောင်းလဲလာပြီးနောက်ပိုင်း လွန်ကျူးခဲ့သော အပြစ်အမှားများအတွက် အတိုးချ၍ အပြစ်ဒဏ်ဆပ်ဖြေသော အသက်တာကို ခံယူခဲ့ပါသည်။ ထို့နောက် ရဟန်းဘဝကို ခံယူခဲ့ပြီး သူခေတ် သူ့အခါ၌ရှိသော ဘဝတူ ရဟန်းတော်များအား၊ စတင်၍ တရားဒေသနာတော်များ ဟောကြားခဲ့ပါသည်။ ထို့နောက် သူသည်  Premontre ဟုခေါ်သော ပြင်သစ်ပြည်၏ တောကြီးမျက်မဲ တစ်နေရာသို့ တောထွက်သွားပြီး သူတော်စင် အမျိုးသား အသင်းတစ်သင်းကို တည်ထောင်ခဲ့ပါသည်။ ထိုအသင်းကိုလည်း နေရာဒေသကို အမည်ပြု၍ Premonstratensians ဟု မှည့်ခေါ်ခဲ့ပါသည်။ ဤအသင်းသည် ရဟန်းတော်တို့၏ ဖြူစင်ခြင်း ကတိသစ္စာကို မချိုးမဖောက် ကျင့်ဆောက် တည်နိုင်ရန်အတွက် ကူညီသကဲ့သို့ ၎င်းတို့ အထူးအလေးထား ကျင့်ကြံအသက်ရှင်သော အသင်းဖြစ်ပါသည်။ နောက်ပိုင်း၌သူသည်Magdeburg သာသနာ၏ ဂိုဏ်းဆရာတော်အဖြစ် ရွေးချယ်ခန့်အပ်ခြင်းကို ခံခဲ့ရပါသည်။ သူသည် သာသနာအတွင်း မြင့်မားသောတာ၀န်ကို လက်ခံထားရသော်လည်း သူ၏ဦးတည်ချက်ကို မမေ့မပျောက်ဘဲ မိမိကိုယ်တိုင်မှစ၍ ရဟန်းတော်များ၏ ဝိနည်းမကျိုးစေရေး၊ သာသနာကို သန့်စင်ခြင်းလုပ်ငန်းများကို အလေးထား ဆောင်ရွက်ခဲ့ပါသည်။ သူသည် (၁၁၃၄ခုနှစ်တွင် ပျံလွန်တော်မူခဲ့ပါသည်။

#Fr.ကလေးမင်း(အားတယ်) (ဘာသာပြန်)

 

 

 

 

 

ရဟႏာၱ