မာခ်နှင့် မာချဲလျံတို့သည် အမြွှာညီအစ်ကိုတို့ ဖြစ်ကြသည်။ ရောမမြို့၌ နေထိုင်သည့် မိသားစု ဖြစ်သည်။ ငယ်ရွယ်စဉ်က ဘာသာထဲသို့ ဝင်လာသူများ ဖြစ်သည်။ ၂၀၄-ခုနှစ်တွင် ရုပ်တုကိုးကွယ်သူများက အသင်းတော်အား ညှဉ်းပန်းနှိပ်စက်ခြင်း စတင်လာသည်။ မာခ်နှင့် မာချဲလျံတို့ ညီအစ်ကို နှစ်ယောက်အား ထောင်၌ အကျဉ်းချထားကြသည်။ သူတို့ကို ညှဉ်းပန်းနှိပ်စက်ပြီး ခေါင်းဖြတ်ရန် ရောမအရာရှိက အမိန့်ပေးသည်။ သို့သော် ရက်ပေါင်း (၃၀) အချိန်ပေး၍ မိမိတို့ ယုံကြည်ခြင်းကို ငြင်းပယ်၍ ရုပ်တုကို ကိုးကွယ်ရန် စဉ်းစားချိန် ပေးသည်။ မိဘများ၊ သားမယားများနှင့်အတူ သွေးဆောင်စေသော်လည်း ယုံကြည်ခြင်းကို မငြင်းပယ်ကြပါ။
စိန့်ဆေဘက်စတီးယာန်းသည် ရောမဧကရာဇ်၏ ရုံးတာဝန်ခံဖြစ်၍ ၎င်းနေရာသို့ ခဏရောက်သောအချိန် ဖြစ်သည်။ ထို့ကြောင့် မာခ်နှင့် မာချဲလျံတို့အား ယုံကြည်ခြင်းကို မငြင်းပယ်ရန် အားပေးခဲ့သည်။ တရားရုံးတွင် စီရင်ချက်ချရာ၌ လွတ်မြောက်မှုရသည်။ မကြာခင်မှာပင် ပြန်လည် ဖမ်းဆီးချုပ်နှောင်ကြသည်။ ခရိုမာစီအူစ်ကို ဆက်ခံသော ဖာဘီယာန် လက်ထက်၌ တိုင်နှစ်တိုင်ပေါ်တွင် ခြေများကို သံမှိုနှင့် ရိုက်ထားပြီး တစ်ရက်နှင့် တစ်ညထား၍ နောက်တစ်ရက်တွင် လှံဖြင့် ထိုးသတ်ကြသည်။
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)