Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#ဇွန်လ (၂၀) ရက်နေ့ #St.Silverius (Martyr), စိန့်ဆီလ်ဗာရီအူစ် (ဓမ္မအာဇာနည်) #Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်) Posted by M Sulatthtwe

ဆီလ်ဗာရီအူစ်သည် ရဟန်းမင်း Hormisdas ဟိုမီစ်ဒါစ်၏သား ဖြစ်သည်။ သာသနာ့ဘောင်သို့ မဝင်မီ သူသည် လက်ထပ်ခဲ့ဖူးသည်။ ၅၃၆-ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီး စိန့်အာကာပီတူးစ် ပျံလွန်တော်မူချိန်တွင် ဆီလ်ဗာရီအူစ်သည် ရောမမြို့တွင် ဦးပဉ္ဇင်းကြီး လက်ထောက်သာ ရှိသေးသည်။ ဘုရင်သီအိုဒါတူးစ်သည် ကွန်စတန်တင်နိုပါ မိဖုရားခေါင်ကြီး၏ တစ်ခုတည်းသော စိတ်ဆင်းရဲမှုဆန္ဒကို ဆန့်ကျင်၍ ဆီလ်ဗာရီအူစ်အား ဆရာတော် ဘိသိက်မင်္ဂလာ ပေးစေ၍ ရဟန်းမင်းကြီးလည်း ဘိသိက်မင်္ဂလာ ပေးသည်။ တကယ်တော့ Theodora တီအိုဒိုရာသည် တစ်ခုတည်းဆင်းသည့် အစဉ်အလာ ရည်ရွယ်ချက်ဖြင့် ဦးပဉ္ဇင်းကြီး ဗီချီလီအူစ်ကို ရဟန်းမင်းကြီး ဖြစ်စေပြီးမှ ကွန်စတန်တင်နိုပါနှင့် အန်တီ (Antioh) တို့ ထိုင်ခုံမြဲမည် ဖြစ်သည်။ ထို့ကြောင့် တီအိုဒိုရာသည် ပုပ်ရဟန်းမင်းကြီး ဆီလ်ဗာရီအူစ်ကို ပြောင်းဖျက်၍ ရာထူးဆင်းပေးရန် တိုက်တွန်းသော်လည်း မရသောကြောင့် အတင်းအဓမ္မ ဖြုတ်ချသည်။ ဗိုလ်ချုပ်ကြီးဝေတီ (General Wetige) သည် ရောမဒေသများကို လုယူတိုက်ဖျက် သိမ်းယူသည်။ တင်ရင်တိုင်ဗိုလ်ချုပ် ဘေလီဆရီအူစ်သည် ရဟန်းမင်းကြီးအား ကာကွယ်၍ ရောမဒေသများအား ပြန်လည် သိမ်းပိုက်ခဲ့သည်။ သို့သော် ဘေလီဆရီအူစ်သည် မိဖုရား၏ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်၍ ပုပ်ရဟန်းမင်းကြီး ဆီလ်ဗာရီအူစ်ကို ဖမ်းဆီး၍ အကျဉ်းချသည်။ နောက်ပိုင်းတွင် ပါတာရာ ဆရာတော်သည် အဖြစ်မှန်ကို သိလာသောအခါ မိဖုရား၏ လုပ်ကြံမှုကို သတိထားလာသည်။ မကြာမီ ရဟန်းမင်းကြီး ဆီလ်ဗာရီအူစ်ကို အီတလီပြည်သို့ ပြန်ပို့ကြပြီး နီပေါလ်သို့ ရောက်သောအခါ ဘေလီဆရီအူစ် တပ်များက လူကိုခိုးယူကြ၍ ကျွန်းကလေး တစ်ခုသို့ ခေါ်သွားကြကာ ညှဉ်းပန်နှိပ်စက်ကြရာ ၎င်းကျွန်းမှာပင် ပျံလွန်တော်မူသည်။

#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)

 

ရဟႏာၱ