ယနေ့ ပွဲနေ့ရှင်သည် စပိန်လူမျိုး၊ မင်းမျိုးမင်းနွယ် မိသားစုမှ ဖြစ်ပါသည်။ သူ့အား (၁၅၆၈)တွင် မွေးဖွား သန့်စင်ခဲ့ပါသည်။ အသက် (၁၆)နှစ်တွင် သူ၏ ရပိုင်ခွင့်ဖြစ်သော အီတလီနိုင်ငံ၊ မန်တူအာမြို့၏ အိမ်ရှေ့စံမင်းသား အရိုက်အရာကို စွန့်လွှတ်ခဲ့ပါသည်။ ထို့နောက် ဆုတောင်းခြင်း၊ စင်ကြယ်ခြင်း အသက်တာကို ဆည်းဖြန်း အားထုတ်ခဲ့သည်။ သူသည် ဂျက်ဆွီ အသင်းဝင် တစ်ဦးဖြစ်ရန် ဆန္ဒကြီးနေခဲ့သူ ဖြစ်သကဲ့သို့ ဂျက်ဆွီအသင်းသို့ ဝင်ရောက်ခဲ့ပါသည်။ အသင်း၏ ကျင့်ဝတ်များသည် သူ၏ပါရမီ အသက်တာကို များစွာ ပြောင်းလဲ တိုးတက် စေခဲ့ပါသည်။ သို့သော် ထိုကာလ၌ ကူးစက်တတ်သော ပလိပ်ရောဂါ ခံစားနေရသော လူနာများအား ပြုစုကူညီရာမှ သူသည်လည်း ရောဂါ ကူးစက်ခံခဲ့ရကာ ထိုရောဂါဖြင့်ပင် သက်တော် (၂၃)နှစ်တွင် ပျံလွန်တော်မူ သွားခဲ့ပါသည်။ သူ့အား (၁၇၂၆) ခုနှစ်တွင် ရဟန္တာအဖြစ် တင်မြောက်ခံခဲ့ရပြီး ရဟန်းမင်းကြီး ဘေနေဒစ် (၁၃)က သူ့အား ‘လူငယ်တို့အား မှိုင်းမသော ရဟန္တာ’ အဖြစ် ကြေငြာ ဂုဏ်ပြုခဲ့ပါသည်။ စိန့်အလွိုင်းရှက် ဂွန်ဇာဂါ၏ ၎င်း၏မိခင်ထံ ရေးသား ပေးပို့ခဲ့သော အားပေးစာ သားချစ်ရတဲ့ ဘုရားတရား ရှိလှတဲ့မေမေ၊ အခု သားရေးလိုက်တဲ့စာက သားရဲ့ရင်တွင်းဖြစ် အမေ သိစေချင်လွန်းလို့ ရေးလိုက်တဲ့ စာပါ။ အမေလည်း သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ နှစ်သိမ့်ခြင်း ခွန်အားကျေးဇူးကို ထာဝရ ခံစားရပါစေလို့ သားဆုတောင်း ပေးလိုက်ပါတယ်။ အမေ့စာ သားဆီကို ရောက်လာတုန်းက သားက သေးမင်းရဲ့ နယ်မြေထဲ ရုန်းကန် နေရဆဲဘဲအမေ။ ဒီလို ပြောလိုက်လို့ အမေဝမ်းနည်း မနေနဲ့နော်။ တစ်ခါတစ်လေတော့လည်း သေခြင်းတရားအကြောင်း ကောင်းကင် နိုင်ငံတော်ကို တောင့်တ နေသင့်တယ်။ ဘာကြောင့်လဲဆိုတော့ သားတို့ တစ်နေ့ကြရင် ဘုရားသခင်ကို ထာဝရ ချီးမွှမ်းရမယ့် အသက်ရှင်တဲ့ သူတို့ရဲ့ နိုင်ငံတော်လေနော် အမေ။ ဒီခရီးကို သားအခု ပြီးစီးအောင် လျှောက်နေတယ်လို့ ခံစားရတယ် အမေ။ စိန့်ပေါလ် ပြောသလို ချစ်ခြင်း မေတ္တာသာပါရင် ငိုတဲ့သူတွေနဲ့ ငိုပါ။ ပျော်ရွှင်တဲ့ သူတွေနဲ့ ပျော်ပါတယ်။ ဒါဆိုရင် အတိုင်းမသိတဲ့ ပျော်ရွှင် ထုထည်ကြီးကို ခံစားရမယ်တဲ့။ ဘုရားသခင်ကလည်း အမေ့ကို ဒီလိုမျှယူ ခံစားတတ်ဖို့ သူ့ရဲ့ ကျေးဇူးတော်နဲ့ စီမံပေးထားတယ်လို့ အမေ မှတ်ယူလိုက်ပါ။ ဒါဆိုရင် ပျော်ရွှင်ခြင်းတွေ အမေပြန်ပြီး ခံစားရလာပါလိမ့်မယ်။ အဲဒီပျော်ရွှင်ခြင်းကတော့ သားဘယ်တော့မှ ထာဝရ ပျက်စီးမှာကို ကြောက်စရာ မလိုတော့တာပါဘဲ။ သား၀န်ခံပါတယ် အမေ … ပင်လယ်ပြင်ကြီးလို အပြောကျယ်တဲ့ ဘုရားသခင်ရဲ့ မေတ္တာတော်ကြီးကို တွေးမိတိုင်း အဲဒီမေတ္တာ ပင်လယ်ကြီးထဲ သားပျောက်ဆုံး နစ်မြှုပ် သွားရတယ်။ ကျေးဇူး ပြန်ဆပ်ဖို့ကို အချိန် မလုံလောက်ဘူး။ ဒီကြားထဲ ဘုရားသခင်က သားကို ဒီဘာမဟုတ်တဲ့ အလုပ်အကျွေး ပြုလိုက်ရုံနဲ့ ထာဝရ နားခိုဖို့ ပြန်ခေါ်တော့မလား မသိဘူး အမေ .. သားလေ ဘုရားသခင်ရဲ့ အဆုံးမဲ့တဲ့ ချစ်ခြင်းကို လစ်လျူရှု နေနိုင်ခဲ့တယ် အမေ။ သူကတော့ သားကို ဖိတ်ရှာပါတယ်။ အဲဒီဂရုမစိုက်၊ လွှတ်သွားခဲ့တဲ့ အချိန်တွေအတွက် ပြန်တွေးမိရင် အရမ်းနှမျှောတယ် အမေ .. ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်တွေက သားကို ထာဝရ ဆုလာဘ်ကို ပေးမယ့် အာမခံချက်တွေလေ …. အမေရေ …. အခါခါ ပြန်တွေးပါ။ ဘုရားသခင်ရဲ့ အဆုံးမဲ့တဲ့ ကျေးဇူးတော်ကို အလေးမထားတာမျိုး လုံးဝ မလုပ်မိပါစေနဲ့နော် အမေ .. လူတွေအမြင်မှာ အသက်မဲ့ သွားပေမယ့် ဘုရားရှေ့မှာ အမြဲရှင်သန် နေသူအတွက် ဘုရားသခင်ကို မကျေမနပ် မဖြစ်နဲ့နော် အမေ … ဘာဖြစ်လို့လဲဆိုတော့ ဘုရားရှေ့မှာ ရောက်နေသူက အမေ့အတွက် ဘုရားသခင်ဆီကနေ ကြားဝင် ဆုတောင်း ပေးနေမှာမို့ပါ။ (သားဖြစ်သူ၏ သေခြင်းအတွက် ဝမ်းမနည်းရန် ပညာရှိနည်းဖြင့် ဝမ်းနည်းသော မိခင်အား တရားပြနေခြင်း ဖြစ်ပါသည်) အဲဒီသူ့ရဲ့ ကြားဝင် ဆုတောင်းပေးချက်ဟာ လောကမှာ ရှိနေတုန်းကထက် ပိုပြီး အစွမ်းထက်တယ် အမေ ….. အမေနဲ့ သားတို့ရဲ့ ခွဲခွာရခြင်းက အချိန်ကတော့ သိပ်ကြာမယ် မထင်ပါဘူး အမေ … ကောင်းကင်မှာ သေချာပေါက် ပြန်ဆုံမယ်။ သားတို့ရဲ့ ကယ်တင်ခြင်း အာမခံချက်မှာ ဆုံဆည်းကြမယ်နော် အမေ .. ဘုရားသခင်ကို ထာဝစဉ် ပျော်ပျော်ရွှင်ရွှင်နဲ့ ခွန်အားရှိသမျှ ချီးမွှမ်းကြရအောင်။ ဘုရားသခင်ဟာ သားတို့ကို တစ်ခဏ ပေးထားတဲ့ အသက်ကို ပြန်ယူလိုက်တာပါဘဲ။ အခုလို ပြန်ယူလိုက်တာဟာလည်း အခြား ဘာမကောင်းတဲ့ ရည်ရွယ်ချက်မှ မရှိဘူး။ သားတို့ကို စိုးရိမ်စိတ်တွေ၊ သောကများမြောင်တဲ့ လောကဘောင်ထဲက ငြိမ်းအေး သွားအောင်ရယ်၊ သားတို့ရဲ့ မျှော်လင့်ချက် ဖြစ်တဲ့ သူနဲ့အတူ စံစားဖို့ဘဲ ဖြစ်တယ်။ အခုလို ရေးသားပြီး ပြောနေရတာက သားသေသွားခဲ့ရင် မိသားစုဝင်တွေ ၀မ်းနည်း ပတ်လက် ဖြစ်မဲ့အစား ဘုရားသခင်ဆီက ပျော်မဆုံးစရာ ကောင်းတဲ့ လက်ဆောင်အဖြစ် လက်ခံတတ်ဖို့ရယ်၊ ပြီးတော့ မေမေပေးတဲ့ ကောင်းကြီးကိုလည်း ခံယူပြီး သားဒီဘဝကို ဖြောင့်ဖြောင့် တန်းတန်း ဖြတ်လျှောက်ချင်တယ်။ အခုလို ပြောရတာကလည်း အမေ့ရဲ့ ကျေးဇူးကို သားပြန်ဆပ်ဖို့ ဒီနည်းလမ်းဘဲ ရှိတယ်။ သားသွားမယ့် ခရီးအတွက် အဆင့်သင့် ဖြစ်နေပြီ ဆိုတာကို ပြချင်လို့ပါ အမေ ….
#Fr.ကလေးမင်း(အားတယ်) (ဘာသာပြန်)