ယနေ့ ပွဲနေ့ရှင်မှာ ပြင်သစ်နိုင်ငံ၊ နိုလာမြို့မှ ဖြစ်ပါသည်။ သူ့အား ပြင်သစ်နိုင်ငံ၊ Bordeaux မြို့ (၃၅၅) ခုနှစ် ဝန်းကျင်တွင် မွေးဖွားသန့်စင် ခဲ့ပါသည်။ သူသည် ရောမ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန် ထမ်းဆောင် ခဲ့ပါသည်။ အိမ်ထောင်သည်လည်း ဖြစ်ပြီး သားတစ်ဦး ထွန်းကား ခဲ့ပါသည်။ သို့သော် ဘာသာရေး၌ ပိုမိုဆက်ကပ် လုပ်ဆောင်လိုသော ဆန္ဒပြင်းပြ လာသောကြောင့် နောက်ဆုံး၌ ဆေးကြောခြင်း မင်္ဂလာကို ခံယူခဲ့သည်။ လောကနှင့် ဆိုင်သော အခွင့်အရေးများ အားလုံးကိုလည်း စွန့်လွှတ်ခဲ့ကာ (၃၉၃) ခုနှစ်တွင် နိုလာတောင်တန်း တဝိုက်၌ ရသေ့ အသက်တာဖြင့် အားထုတ် နေထိုင်ခဲ့သည်။ နောက်ပိုင်း၌ နိုလာမြို့၏ ဆရာတော် အဖြစ်လည်း ရွေးချယ် တင်မြောက် ခံခဲ့ရသည်။ ဆရာတော် ဖြစ်လာပြီးနောက် သူကြည်ညို လေးစားသော နိုလာြမို့မှ စိန့်ဖဲလစ်အား ဘာသာတူများ ကြည်ညို လေးစားမှု တိုးပွားလာရန် ကြိုးစားခဲ့သည်။ သူ့ခေတ်အခါ၌ ကြုံတွေ့ရသော ဘာသာတူများ၏ အခက်အခဲများကို အတတ်နိုင်ဆုံး ကူညီဖြေရှင်း ပေးခဲ့ပါသည်။ သူသည် အရည်အသွေး ပြည့်မှီလှသော ကဗျာလင်္ကာများကိုလည်း ရေးသားခဲ့သည်။ သူသည် (၄၃၁) နှစ်တွင် ပျံလွန်တော်မူ သွားခဲ့ပါသည်။
#Fr.ကလေးမင်း(အားတယ်) (ဘာသာပြန်)