Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#23 June 2021 #St.Joseph Cafasso, စိန့်ဂျိုးဇက် ကာဖါဆို (1811 – 1866) #Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်) Posted by M Sulatthtwe

ဂျိုးဇက် ကာဖါဆိုသည် ဘာသာရေး ကိုင်းရှိုင်းသူ မိဘနှစ်ပါးမှ အီတလီပြည် ကာစတဲနိုဗာမြို့၌ မွေးဖွားခဲ့သည်။ ငယ်စဉ်က သူ့အား ရဟန္တာလေးဟု ခေါ်ကြသည်။ အသက် (၂၂)နှစ်တွင် ရဟန်း ဘုန်းတော်ကြီး ဖြစ်လာသည်။ ရဟန်းဖြစ် တက္ကသိုလ်တွင် (Moral Theology) ကိုယ်ကျင့် ဝတ္တရားနှင့် စပ်ဆိုင်သော ဘာသာရပ်ကို ပို့ချခဲ့သည်။ မကြာမီ (Turin) တူရင်မြို့ ရဟန်းဖြစ်သင်ကျောင်းသို့ ကျောင်းအုပ်အဖြစ် တာဝန် ထမ်းဆောင်နေသည်။ ဖါသာရ် ကာဖါဆိုသည် အီတလီ ရဟန်း ဘုန်းတော်ကြီးများ၏ ပုလဲရတနာ ဖြစ်သည်။ ရဟန်းတော်များအတွက် သာမက တူရင်မြို့ရှိ လူထုအတွက်လည်း ပုလဲရတနာ ဖြစ်သည်။ တစ်ကမ္ဘာလုံး၏ ဝိညာဉ်ရေးဆိုင်ရာ ဒါရိုက်တာ ဖြစ်သည်။ ကြီးမြတ်လှသော (St. John Bosco) ဂျွန်ဘောစကိုကဲ့သို့ ထင်ရှားခဲ့သည်။ သူဆီသို့ အာပတ်ဖြေရန် ဆရာတော်ကြီးများ၊ ရဟန်းဘုန်းတော်ကြီးများ၊ ရှင်ဘုရင်များနှင့် အလုပ်သမား လူတန်းစားအထိ လာရောက်ကြသည်။ Retreat House ဝတ်စောင့်ရာ ကျောင်းတော်၌ ဝိညာဉ်ရေး ခွန်အားပေးရာ ထောင်ပေါင်းများစွာ လူများ လာရောက်လေ့ ရှိကြသည်။ သူ St. Joseph Coltolengo၏ လုပ်ငန်းဖြစ်သော မိဘမဲ့ကလေးများ၊ ဆင်းရဲသားများ၊ စိတ်ဒုက္ခ၊ ကိုယ်ဒုက္ခမျိုးစုံ ခံစားသူများအတွက် “The Little House of Divine Providence” အား စိတ်ဝင်စားသည်။ ရဟန်းမင်းကြီး ပီအူစ်(၁၂)က ရဟန်း ဘုန်းတော်ကြီးများအား သူ၏ထကြွ ဇွဲလုံ့လရှိခြင်း၊ စိတ်ရှည်သည်းခံခြင်း၊ သနားညှာတာတတ်ခြင်း၊ ဆုတောင်းမေတ္တာ ပြုတတ်ခြင်းများအား အတုယူရန် ရဟန္တာ တင်မြှောက်ပွဲ၌ ဩဝါဒ မြွက်ကြားသည်။ သူသည် ရဟန်းတော်များ၏ သန့်ရှင်းဖြူစင်ခြင်းနှင့် ပုံသွင်းသင်တန်းပေး လုပ်ငန်းများနှင့် မြင့်မြတ်လှသော အသင်းတော်၏ ရပ်တည်ချက်များကို အကောင်အထည်ဖော်ရန် ကြိုးစားသည့်အတိုင်း ထိန်းသိမ်းရန် ရဟန်းမင်းကြီးက စိန့်ဂျိုးဇက် ကာဖါဆိုအား အတုယူရန် မြွက်ကြားသည်။ ၁၉-ရာစုနှစ်နှင့် ၂၀တွင် သူ့လောက် ရဟန်းဘုန်းတော်ကြီးများ အနေဖြင့် လုပ်ဆောင်နိုင်သူ မရှိသေးပါ။ မိမိတို့၏ ခေါ်တော်မူခြင်းအား သစ္စာရှိ၍ သိက္ခာကြီးမားစေသူ တစ်ယောက် ဖြစ်သည်။ သူသည် ဆင်းရဲချမ်းသာမရွေး၊ လူကြီးလူငယ်မရွေး၊ စိတ်ချယုံကြည်မှု ပေးနိုင်သူ ဖြစ်သည်။ ပုပ်ရဟန်းမင်းကြီး ဩဝါဒ၌ ရဟန်းဘဝ၌ ထိုက်တန်သူ ဖြစ်ကြောင်း မြွက်ကြား၍ အဆုံးသတ်သည်။ ၁၈၉၅-ခုနှစ်တွင် သူတော်မြတ် အဆင့်ပေး၍ ၂၂.၆.၁၉၄၇-ခုနှစ်တွင် ရဟန္တာအဖြစ် တင်မြှောက်ကြသည်။

#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)

ရဟႏာၱ