#24 June 2021
#The Birth of John the Baptist
#သခင်ယေဇူးရှေ့တော်ပြေးတမန်တော်၊ဆေးကြောခြင်းဆရာယောဟန်၏မွေးနေ့ပွဲတော်
#Fr.ကလေးမင်း(အားတယ်) (ဘာသာပြန်)
Posted by M Sulatthtwe
အမိကက်သလစ် သာသနာတော်၏ ပွဲတော်များစွာ ရှိသည့်အနက် ရဟန္တာများ၏ တရားတော်အတွက် သက်သေခံခဲ့သော နေ့များကို ပြန်လည် အမှတ်ရ ကျင်းပသော ပွဲများသာ ဖြစ်ပြီး သာသနာ၏ ဝတ်ပြုခြင်း အစီအစဉ်၌ မွေးနေ့ပွဲကို ကျင်းပသောပွဲ အလွန် ရှားပါသည်။ သာသနာ အနေဖြင့် ဝတ်ပြုခြင်း၌ ခမ်းနားစွာ ကျင်းပသော မွေးနေ့ပွဲ (၃)ပွဲသာ ရှိပါသည်။ ၎င်းတို့မှာ ကယ်တင်ရှင် ယေဇူးသခင်၏ မွေးနေ့ပွဲ (ဒီဇင်ဘာ ၂၅)၊ ကယ်တင်ရှင် ယေဇူးသခင်၏ မိခင် မယ်တော်မာရီးယာ၏ မွေးနေ့ပွဲ (စက်တင်ဘာ ၈) နှင့် ယေဇူးသခင်၏ ရှေ့တော်ပြေး တမန်တော်လည်း ဖြစ်ပြီး နောင်တတရား နှင့်ဆိုင်သော ဆေးကြောခြင်း တရားကို ဟောကြားခဲ့သော ရှင်ယောဟန် (ဇွန် ၂၄) တို့ ဖြစ်ကြပါသည်။ အဘယ်ကြောင့် ဤမွေးနေ့ပွဲ (၃) ပွဲကို သာသာသနာ၏ ဝတ်ပြုခြင်း အစီအစဉ်တွင် ထည့်သွင်း ထားရသနည်းဟူမူ ကယ်တင်ခြင်း လုပ်ငန်းစဉ်၌ အဓိကကျသော သူများ ဖြစ်သောကြောင့် ဖြစ်ပါသည်။ ရှင်ယောဟန်သည် နောင်တတရားနှင့် ဆိုင်သောတရားကို ဟောခဲ့သကဲ့သို့ သူ၏အဝတ်အစား၊ အစားအသောက်များ အားလုံးသည်လည်း နောင်တတရားကို ဖော်ညွှန်းသော အသက်တာ ဖြစ်ခဲ့ပါသည်။ နှိမ့်ချသူ အဖြစ်လည်းကောင်း၊ ပြတ်သားသူ၊ အမှန်တရား၏ ဘက်တော်သား အဖြစ်လည်းကောင်း သူ၏အသက်တာနှင့် လုပ်ဆောင်ချက်များက ဖော်ပြလျက် ရှိပါသည်။
#Fr.ကလေးမင်း(အားတယ်) (ဘာသာပြန်)
ရဟႏာၱ