စိန့်ဝီလျံသည် (piedmont) – Vercelli ဗက်ချေလီဇာတိ ဖြစ်သည်။ မိဘနှစ်ဖက် စလုံးသည် ဂုဏ်ကြီးမြင့်သော အမျိုးအနွယ်များ ဖြစ်သည်။ ငယ်ရွယ်စဉ် ဘဝက မိဘနှစ်ပါး ကွယ်လွန် သွားကြသည်။ အသက် (၁၄)နှစ်တွင် စပိန်နိုင်ငံ ကွမ်ပိုစတေလာရှိ စိန့်ဂျိမ်း ဓာတ်တော်သို့ ဘုရားဖူးသွားရန် ရည်ရွယ်ထားပြီး သူပိုင်သော အမွေပစ္စည်းများကို အာလုံး ရောင်းချလိုက်သည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံး သံမဏိဖြင့် ချည်နှောင် ထား၍ ဖိနပ်မပါဘဲ ခြေလျှင်ဖြင့် စပိန်အထိ မိမိကိုယ်ကို ဒဏ်ခတ်၍ သွားခဲ့သည်။ ဘုရားဖူးပြီး ဘုရားသခင်၏ ထင်ရှားပြခြင်းကြောင့် အီတလီတောင်ပိုင်း၊ နိုလာမြို့နှင့် ဘေနေဖက်တို့ မြို့ကြားရှိ ရသေ့ကျောင်းသို့ ဝင်ရန် နှိုးဆော်ခြင်း ခံရသည်။ ၁၁၁၉-ခုနှစ်တွင် ရသေ့ကျောင်းတစ်ခု တည်ထောင်ကာ သူ၏ သန့်ရှင်းဖြူစင်ခြင်းနှင့် တန်ခိုး လက္ခဏာများသည် ရသေ့ကျောင်းသို့ ဝင်ရန် လူများအား ဆွဲဆောင်သဖြင့် မကြာခင် သူ၏ လမ်းညွှန်မှုအောက်၌ ရသေ့များစွာ ဖြစ်လာကြသည်။ သူတို့၏ ဘုရားကျောင်းအား မယ်တော် မာရီးယားအား ဂုဏ်ပြုသောအားဖြင့် ၎င်းတောင်ကို Montevegine ဟု ပြောင်းလဲ၍ ခေါ်ဝေါ်ကြသည်။
တစ်နေ့ ကြမ်းတမ်းသော ဘေနဒီတင် ရသေ့၏ စည်းကမ်း ဥပဒေကို တင်းကြပ် လွန်းသည်ဟု ညည်းညူ ကြသည့်အတွက် ၎င်းရသေ့ဂိုဏ်းအား တည်ထောင်သူ ဝီလျံသည် ထွက်၍ တခြားရသေ့ဂိုဏ်းသစ် တည်ထောင်သည်။ နေပါလ်ဘုရင် ရောဂျာ(၁)အား ဂုဏ်ပြုသောအားဖြင့် ရသေ့ကျောင်းများနှင့် ကွန်ဗင့်ကျောင်းများ တည်ထောင်ရန် ဆုံးဖြတ်သည်။ မင်းဘုရား၏ အတိုင်ပင်ခံများအား အကျိုးပြုစေရန်အတွက် ရဟန္တာများအား နန်းတော်အနီးတွင် နေရာပေးသည်။ အပြစ်မဲ့ သန့်ရှင်းတောင်ရှိ ရသေ့များသည်လည်း မကြာမီ အီတလီပြည် တောင်ပိုင်းသို့ ပျံ့နှံ့သွားသည်။ သို့သော် ဗာတီကန်မှ ၎င်းဂိုဏ်းအား cassinese congregation ကို အခြေပြု၍ ကြီးကြပ်ရန် တာဝန်ပေးထားသည်။
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)