Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#26 June 2021 #St.Anthelm (Bishop), စိန့်အန်တင်(မ်) (ဆရာတော်) #Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်) Posted by M Sulatthtwe

ဆာဝေး၌နေသော ဂုဏ်အသရေရှိ မိသားစုမှ မွေးဖွားသူ ဖြစ်သည်။ ရှင်အန်တင်(မ်)သည် ရဟန်းသိက္ခာခံပြီး ဂျီနေဗာမြို့တွင် အကြီးအကဲ ဖြစ်လာသည်။ ရသေ့ဘဝကို ပိုမို စိတ်ဝင်စားသည်။ ထို့ကြောင့် ရသေ့ကျောင်း၌ နေထိုင်သည်။ ၁၁၃၉-ခုနှစ် အသက်(၃၄)နှစ်တွင် (Grande Chartreuse) ကျောင်းထိုင် အကြီးအကဲအဖြစ် ရွေးကောက်ခြင်း ခံရသည်။ သူသည် အတတ်နိုင်ဆုံး ကြိုးစား၍ အသင်းဂိုဏ်းအား ကြည့်ရှုသည်။ ၁၀၅၂-ခုနှစ်တွင် သူသည် အနားယူသည်။

၁၁၆၃-ခုနှစ်တွင် ရဟန်းမင်းကြီးက စိန့်အန်တင်(မ်)အား ပြင်သစ်ပြည် အရှေ့တောင်ဘက်ခြမ်း ဆရာတော်အဖြစ် ရွေးကောက်သည်။ သူ့အား Alps ၌ နေထိုင်စေသည်။ သူသည် အမြဲတမ်း ရသေ့ဘဝကို ပြန်လည်သတိရ၍ အချိန်ရှိလျှင် ၎င်းကျောင်းသို့ သွားရောက် လည်ပတ်လေ့ရှိသည်။ ဘုရင်ဟင်နရီ(၂)နှင့် သောမတ်စ်ဘက်ကင်းတို့ သဘောထား ကွဲလွဲသောအချိန်၌ စိန့်အန်တင်(မ်)သည်  (ဖြန်ဖြေ) ပြန်လည် သင့်မြတ်စေရန် စေလွှတ်ခြင်း ခံရသည်။

#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)

ရဟႏာၱ