ယနေ့ သာသနာမှ အမှတ်ရ ကျင်းပသော ပွဲနေ့ရှင်မှာ အလက်ဇန္နာမြို့မှ စိန့်စီရီ ဖြစ်ပါသည်။ သူသည် အေဒီ (၄၃၁) ဧဖက်မြို့၌ ကျင်းပခဲ့သော သာသနာ၏ အစည်းအဝေးကြီးတွင် အရေးလည်းပါ၍ တက်ကြွစွာ ပါဝင်ခဲ့သူ ဖြစ်သည်။ အထူးသဖြင့် နက်စတိုးရီအုစ် သွန်သင်သော မှားယွင်းသည့် အယူကို အပြင်းအထန် ကာကွယ် ခဲ့သူလည်း ဖြစ်ပါသည်။ နက်စတိုးရီအုစ့်သည် အမိမယ်တော်အား ဘုရား၏ မယ်တော်အဖြစ် ဘွဲ့နာမကို ပေးရန် အကြောက်အကန် ငြင်းသူ ဖြစ်ပါသည်။ ထိုအချိန်၌ စိန့်စီရီသည် မိမိ၏ ဇာတိမြေ၌ ဆရာတော်အဖြစ် အမှုတော် ထမ်းဆောင် နေသည်မှာ နှစ်(၂၀)ပင် ရှိပြီး ဖြစ်ပါသည်။ ထိုမှားယွင်းသော သွန်သင်ချက်ကို ကာကွယ် ဖြေရှင်းရန် အထက်က ဆိုခဲ့သော ဧဖက် အစည်းအဝေးကြီးကို ဘုရင်၏ ခွင့်ပြုချက်ဖြင့် ကျင်းပကာ၊ အမိမယ်တော်အား ဘုရား၏ မယ်တော်ဘွဲ့ကို ကြေငြာ၍ ထိုက်တန်စွာ ပေးအပ် ချီးမြှင့် နိုင်ခဲ့ပါသည်။ စိန့်စီရီသည် အေဒီ (၄၄၄)တွင် ပျံလွန် သွားခဲ့ပါသည်။
#Fr.ကလေးမင်း(အားတယ်) (ဘာသာပြန်)