စိန့်အီရေးနေအုစ့်ကို အေဒီ (၁၃၅) ခုနှစ်တွင် အာရှမိုင်းနာ ဒေသ အတွင်းရှိ စမီးရ်နာမြို့တွင် မွေးဖွားသန့်စင် ခဲ့ပါသည်။ သူသည် စိန့်ပေါလိကပ်၏ ကျောင်းသားလည်း ဖြစ်ခဲ့ပါသည်။ ထို့အတူ စိန့်ပေါလိကပ်သည်လည်း တပည့်တော် ယောဟန် (ဂျွန်)၏ တပည့်လည်း ဖြစ်ခဲ့ပါသည်။ နောက်ပိုင်း၌ ပြင်သစ်နိုင်ငံ၊ လီယွန်မြို့၏ ဆရာတော်အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရကာ သာသနာတော်ကြီး၏ သွန်သင်ချက်များနှင့် လွှဲမှားသော သူ့ခေတ် သူ့အခါ၌ ပျံ့နှံ့နေသည့် အယူဝါဒများကို လေးနက်သော ဘာသာရေး အတွေးအမြင်များ ပါသည့် စာပေ များစွာကို ရေးသား၍ ကာကွယ် ဖြေရှင်း ပေးခဲ့ပါသည်။ သူသည် သာသနာပြုစိတ် အပြည့်အဝ ရှိသူဖြစ်ရာ တရားတော်ကို ကြေငြာ ဟောပြောရင်း အေဒီ (၂၀၀)တွင် တရားတော် အတွက် မိမိ၏ အသက်ကို စတေး သွားခဲ့ပါသည်။
#Fr.ကလေးမင်း(အားတယ်) (ဘာသာပြန်)