Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#29 June 2021 #St.Peter (Apostle), ရှင်ပေတရူး (တမန်တော်) #Fr.ကလေးမင်း(အားတယ်) (ဘာသာပြန်) Posted by M Sulatthtwe

ယနေ့ သာသနာတော်မှ အမှတ်ရ ကျင်းပသော ပွဲနေ့ရှင်များမှာ သာသနာအတွက် အလွန် အရေးကြီးသော တမန်တော်ကြီး နှစ်ပါး ဖြစ်ပါသည်။ ၎င်းတို့မှာ ရှင်ပေတရူးနှင့် ရှင်ပေါလုတို့ ဖြစ်ကြပါသည်။ ရှင်ပေတရူးသည် ကဖာရနောင်မြို့သား ဖြစ်ပြီး သူ၌ အစ်ကို အင်ဒရူးရှိပြီး သူ၏ အစ်ကိုသည်လည်း ယေဇူးသခင်၏ တမန်တာ် (၁၂)ပါး အနက် တစ်ပါး ဖြစ်ပါသည်။ ၎င်းတို့ ညီအစ်ကို နှစ်ယောက်သည် ယေဇူးသခင် နောက်သို့ လိုက်ရန် ပထမဦးဆုံး ခေါ်ဖိတ်ခံရသော တပည့်တော်များ အနက် တစ်တွဲ ဖြစ်ပါသည်။ ဂါလီလေယာ ပင်လယ်ဘေးတွင် ငါးဖမ်းနေစဉ်၌ပင် ယေဇူးသခင်၏ နောက်သို့လိုက်ရန် ခေါ်တော်မူခြင်း ခံခဲ့ရပါသည်။ ရှင်ပေတရုသည် ယေဇူးသခင်နှင့် အလွန် နီးကပ်သော တပည့်တော် ()ပါးတွင် တစ်ပါး အပါအဝင် ဖြစ်ပါသည်။ ယေဇူးသခင်၏ အရေးကြီးသော တန်ခိုးလက္ခဏာ တစ်ခုခုကို ပြသည့် အချိန်များ၌ အမြဲပါလေ့ရှိသူ ဖြစ်ပါသည်။ ယေဇူးသခင်၏ အရေးကြီးသော ဖြစ်စဉ် တစ်ခုဖြစ်သော တာဘော်တောင်တွင် အဆင်းသဏ္ဍာန် ပြောင်းလဲခြင်း၌ သော်လည်းကောင်း၊ ပြင်းထန်သော ဝေဒနာမခံမီ ဆုတောင်း ပြင်ဆင်ခဲ့သော ဂျက်ဆေးမနီ ဥယျာဉ်တွင် လည်းကောင်း၊ ယေဇူးသခင်အား အာဏာသားများ ဖမ်းဆီး ခေါ်ဆောင်၍ နှိပ်စက်ကလူသည့် မြင်ကွင်းများကို ကိုယ်တိုင် အနီးကပ်မှ မြင်တွေ့ ပါဝင်ခဲ့သူ ဖြစ်ပါသည်။ ယေဇူးသခင်နှင့် အနေနီးပြီး ယေဇူးသခင်၏ အဖြစ်တော်ကို မှန်ကန်စွာ ထုတ်ဖော် ဝန်ခံနိုင်သော်လည်း အခါအားလျှော်စွာ ယေဇူးသခင်၏ တပည့်တော် တစ်ပါး၌ ရှိအပ်သော ကြင်အင် လက္ခဏာ ပျောက်၍ လူဆန်လွန်းသော စိတ်နေစိတ်ထား၊ အပြောအဆို၊ အကျင့်အကြံများ ရှိနေသောကြောင့် ယေဇူးသခင်၏ ဆုံးမခြင်းကို မကြာခဏ ခံရလေ့ ရှိပါသည်။ ရှင်ပေတရုသည် တပည့်တော်ကြီးများ အနက် အသက်အရွယ် အကြီးဆုံး ဖြစ်သကဲ့သို့ ပြောဆိုရန် ရှိပါကလည်း ရှေ့တန်းမှ ရဲရင့် ပြတ်သားစွာ ထုတ်ဖော် ပြောဆို တတ်သူလည်း ဖြစ်ပါသည်။ တရားတော်ကို လိုက်လံ ဟောကြားနေစဉ် ဖမ်းဆီး ခံခဲ့ရသည်။ နောက်ဆုံး၌ ရောမမြို့သို့ ပို့ဆောင်ကာ ရောမအစိုးရ၏ စီရင်ချက်ဖြင့် ခရစ္စတူး နောက်လိုက်ဖြစ်၍ ခရစ္စတူး ကဲ့သို့ သတ်ရန် အမိန့်ချမှတ် ခံခဲ့ရပါသည်။ သို့သော် ရှင်ပေတရုက သူ၏ ဆရာသခင် ကဲ့သို့ ကားစင်တင်သတ် ခံရန်မထိုက်။ ထို့ကြောင့် ဆရာသခင်၏ ကားစင်တော်နှင့် ပြောင်းပြန် ဖြစ်စေရန် ကားစင်ကို ဇောက်ထိုး စိုက်ထူ၍ သတ်ရန် အသနား ခံခဲ့သူ ဖြစ်ပါသည်။ ဤသို့ တောင်းခံခြင်းသည် သူ၏နှိမ့်ချခြင်းကို ပြသရာလည်း ရောက်ပါသည်။ ထို့ကြောင့် ဇောက်ထိုး အနေအထား ရှိသော ကားတိုင်ကို ရှင်ပေတရု၏ ကားတိုင်ဟု ဂုဏ်ပြု ခေါ်လေ့ ရှိပါသည်။ သူ့အား သတ်ခဲ့သော နေရာမှာ ယခု ဗာတီကန်ရုံး စိုက်ရာနေရာ၊ ရောမမြို့ဟောင်း၏ အပြင်ဘက်တွင် ဖြစ်ပါသည်။

#Fr.ကလေးမင်း(အားတယ်) (ဘာသာပြန်)

ရဟႏာၱ