Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#29 June 2021 #St.Paul (Apostle), သံပေါလူး (တမန်တော်) #Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်) Posted by M Sulatthtwe

သံပေတရူးနှင့် သံပေါလူးတို့သည် ရောမမြို့၌ တရားတော်အတွက် တစ်ရက်တည်းမှာ အသေခံကြသည်ဟု ယုံကြည်ထားကြသည်။ ဇွန်လ (၂၉)ရက်နေ့သည် သူတော်စင် နှစ်ပါး၏ ရုပ်အလောင်းတော်ကို ရှင်ဆေဘားတီယန်း လိုဏ်ဂူတော်သို့ ပြောင်းရွေ့သောနေ့ ဖြစ်သည်။ ညှဉ်းပန်းနှိပ်စက်ခြင်းမှ လွတ်မြောက်စေရန် အေဒီ ၂၅၈- ခုနှစ်တွင် လုံခြုံသော နေရာသို့ ရုပ်အလောင်းများကို ရွေ့ပြောင်းကြသည်။ သံပေါလူးသည် တမန်တော် ယောဟန်ပြီးလျှင် ဂရိနှင့် ဂျူးဘာသာဝင်ကြားတွင် ထင်ရှားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ခရစ်ယာန် လူငယ်များအား လွတ်လပ်ခွင့် ပေးရန် ဆုံးဖြတ်ခဲ့သည်။ သူ၏ တမန်တော် လုပ်ငန်း၌ ယုံကြည်သူများထံ ဩဝါဒပေး စာစောင် (၁၄)သည် ကောင်းမြတ် မှန်ကန်သော သွန်သင်ချက်ဖြစ်၍ ယနေ့အထိ တည်နေသည်။ စိတ်ဓာတ် ကြံ့ခိုင်ခြင်းနှင့် ဉာဏ်ပညာ ထက်မြက်ခြင်းသည် ငြိမ်သက်ခြင်းနှင့် ဘဝကြမ်းတမ်းခြင်းအား ဖြစ်ပေါ်သလို ခရစ်တော်အားဖြင့် ဘဝပြောင်းလဲခြင်းနှင့် တောက်ပသော နွေးထွေးသော ဘဝသို့ တက်လှမ်းစေသည်။ ဘုရားသခင်ကလည်း သူ့အား နက်နဲလှသော ဘဝအတွေ့အကြုံကို ပေးခဲ့သည်။နေရိုးဘုရင် လက်ထက်တွင် ဖမ်းဆီး ချုပ်နှောင် အကျဉ်းချခြင်း ခံရသည်။ အေဒီ ၆၇-ခုနှစ်တွင် ရောမမြို့ပြင်၌ ခေါင်းဖြတ် အသတ်ခံရ၍ တရားတော်အတွက် အသက် ပေးလှူခဲ့သည်။

#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)

ရဟႏာၱ