Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#30 June 2021 #The First Martyrs of The Church at Rome #ရောမတွင်အသင်းတော်၌ပထမဆုံးတရားတော်အတွက်အသေခံသူများ #Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်) Posted by M Sulatthtwe

သံပေတရူးနှင့် သံပေါလူးတို့ပွဲ ကျင်းပပြီးလျှင် ရောမတွင် အသင်းတော်၌ တရားတော်အတွက် အသေခံသူများ၏ ပွဲနေ့ကို အထူးသတိရ ကျင်းပလေ့ရှိသည်။ ကလေး၊ လူကြီး၊ မိန်းမ၊ ယောင်္ကျား အားလုံးအတွက် ရောမမြို့ အသင်းတော်၌ အမှတ်လက္ခဏာာ ကျောက်တိုင်များ ထုထွင်း ပေးကြသည်။ ရောမဧကရာဇ်မင်းတို့၏ ညှင်းပန်းနှိပ်စက်ခြင်းသည် ရာစုနှစ်အစပိုင်း၌ နေရာတကာတွင် ကြမ်းတမ်း ထင်ရှားသည်။ ၎င်းတို့အထဲတွင် အရေးကြီး အကြမ်းတမ်းဆုံး ညှဉ်းပန်းနှိပ်စက်ခြင်း (၉)ကြိမ်ရှိသည်။ ပထမညှဉ်းပန်း နှိပ်စက်ခြင်းသည် အေဒီ၆၄ခုနှစ်၌ နေရိုးရှင်ဘုရင် လက်ထက်မှာ ကြမ်းတမ်းလှသည်။ ဒုတိယမှာ အေဒီ၉၅-ခုနှစ် ဒေါမီရှာန်းလက်ထက် ဖြစ်သည်။ နောက်(၁၂)နှစ်ကြာ အေဒီ၁၀၇တွင် ထောင်ချခြင်း၊ မီးရှို့ခြင်း၊ ဓားဖြင့်သတ်ဖြတ်ခြင်း စသည်ဖြင့် ညှဥ်းပန်းနှိပ်စက် သတ်ဖြတ်ခြင်း ဖြစ်လာပြန်သည်။ အေဒီ ၁၃၅တွင် (Hadrian) ဟဒီရင်းသည် အသင်းတော်ကို နှိပ်စက် သတ်ဖြတ် ခဲ့သည်။ အေဒီ ၁၈၀တွင် မာရကု(စ်)နှင့် အောရေလီ(စ်)တို့က ထပ်မံညှဉ်းပန်း နှိပ်စက်ကြသည်။ အေဒီ ၂၂၂တွင် (Septimus Severus) ဆက်တီမူစ်စက်ဗေရူစ်ကလည်း ဆက်လက်၍ အသင်းတော်ကို နှိပ်စက်ပြန်သည်။ အေဒီ ၂၅၇တွင် (Valerian) ဗလေရီယန်းက နှိပ်စက်ခဲ့သည်။ အေဒီ ၃၀၃တွင် (Deocletian) ဒေအိုကလေဆီယန်က နှိပ်စက်ခဲ့သည်။ နှစ်ပေါင်း (၂၅၀)လုံးလုံး ဒုက္ခဆင်းရဲ ညှဉ်းပန်နှိပ်စက်ခံပြီး အေဒီ ၃၁၄တွင် ကွန်စတန်တင်ဘုရင်က ရောမအင်ပါယာရှိ ခရစ်ယာန်များအားလုံး လွတ်လပ်စွာ ကိုးကွယ်ခွင့်ရကာ ခရစ်ယာန်ဘာသာသည် နိုင်ငံတော်ဘာသာ ဖြစ်ကြောင်း ကြေညာခဲ့သည်။ မစ္ဆားတရား ပူဇော်ရာတွင် ကျင့်သုံးရန် ရောမဥပဒေ ဆိုင်ရာကို အသုံးပြုသည်။ (The Roman Canon) ၎င်းဥပဒေ သတ်မှတ်ချက်တွင် ဆုတောင်းရာ၌ နာမည်စာရင်း ထည့်သွင်းရသည်။ ၎င်းတို့မှာ -Sinus, Cletus, Clement, Sixtus, Cormetius, Cypriam, Lawrence, Chrysogonus, John and Paul, Cosmas and Danniam တို့၏ နာမည်ကို ဘုရားအား ပူဇော်ခြင်း မစမီတွင် ထည့်၍ ဒုတိယအဆင့် အနေဖြင့် Ignatius, Alexander, Marcellunus, Peter, Felicity, Perpetua, Agatha, Lucy, Agnes, Cecilia and Anastasia တို့ဖြစ်ကြသည်။ တစ်ချို့သည် အဖြူရောင်ကို ဝတ်ဆင်ပေးရသည်။ ရှင်ဩဂုတ်စတင်း အဆိုအရ သူတို့သည် သတ္တိရှိစွာ မိမိတို့၏ ယုံကြည်ခြင်းကို သက်သေခံသူများ ဖြစ်ကြသည်။ “အသက်ကြီးသူ တစ်ပါးကလည်း ဖြူသောဝတ်လုံကို ဝတ်ဆင်သော ဤသူတို့သည် အဘယ်သူနည်း။ အဘယ်အရပ်က လာကြသနည်းဟု ငါ့အားမေးမြန်းလျှင် ငါက - သခင်၊ ကိုယ်တော် သိပါ၏ဟု ပြန်လျှောက်၏။ သူကလည်း ဤသူတို့သည် ကြီးစွာသော ဆင်းရဲဒုက္ခထဲက လွှတ်မြောက်၍ မိမိတို့ ဝတ်လုံကို သိုးသူငယ်၏အသွေးဖြင့် လျှော်၍ ဖြူစေသောသူ ဖြစ်ကြသတည်း။ ထို့ကြောင့် ဘုရားသခင်၏ ပလ္လင်ရှေ့တွင် နေရာကိုရ၍ ဗိမာန်တော်၌ ဘုရားဝတ်ကို နေ့ညဉ့်မပြတ် ပြုရကြ၏။ ပလ္လင်ပေါ်၌ ထိုင်တော်မူသောသူသည် သူတို့တွင် ကျိန်းဝပ်တော်မူမည်။ သူတို့သည် နောက်တဖန် ရေနှင့်အစာကို မငတ်မွတ်ရကြ။ နေရောင်ခြည်အလင်း မထိရ။ အဘယ်အပူကိုမျှ မခံရကြ။ အကြောင်းမူကား၊ ပလ္လင်တော် အတွင်း၌ရှိသော သိုးသူငယ်သည် သူတို့ကို လုပ်ကျွေး၍ အသက်စမ်းရေတွင်းသို့ လမ်းပြလိမ့်မည်။ ဘုရားသခင်သည်လည်း သူတို့မျက်စိ၌ မျည်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်ဟု ဆိုလေ၏။ (ဗျာဒိတ် ၇း ၁၃-၁၇) သူတို့၏ အမြင့်မြတ်ဆုံးသော ဘဝတစ်ခုလုံး အပ်နှံပူဇော်ခြင်း အားဖြင့် ယုံကြည်ခြင်းကို ကမ္ဘာလူသားများ ဖြစ်ကြသော ကျွန်ုပ်တို့အား ပြသခဲ့ကြသည်။ ထာဝရ အသက်ရှင်ခြင်းအား ပြသခဲ့ကြသည်။ ယနေ့ ကျွန်ုပ်တို့အားလုံး စိတ်ဝင်စား သက်သေခံ အတုယူသင့်သည်။ ဘုရားသခင်အပေါ် ချစ်ခြင်းမေတ္တာ အမှန်ရှိကြောင်း သက်သေခံရမည်။ အမိအသင်းတော်က တရားတော်အတွက် အသေခံသူများအား ရိုသေလေးစား ဂုဏ်ပြုသင့်ကြောင်း သွန်သင်သည်။ ကမ္ဘာတဝှမ်းတွင် ဘုရားသခင်၏ အလင်းကျေးဇူးအား လင်းစေရန် အလိုတော်ရှိသည်။ လောက၏ ပျော်ရွှင်မှုများကို စွန့်လွှတ်၍ ဘုရားသခင်၏ ကျေးဇူးတော်ကို သက်သေခံရန် အလိုတော်ရှိသည်။

#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)

ရဟႏာၱ